Connect with us

International Organizations

ပဋိဇီဝဆေးယဉ်ပါးမှုကြောင့် ၂၀၂၅ ခုနှစ်မှ ၂၀၅၀ ပြည့်နှစ်အတွင်း လူ ၃၉ သန်း သေဆုံးစေနိုင်ကြောင်း လေ့လာမှုအသစ်တွင် ဖော်ပြ

လန်ဒန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ်မှ ၂၀၅၀ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ခန့်မှန်းခြေ လူပေါင်း ၃၉ သန်းကျော်သည် ပဋိဇီဝဆေးယဉ်ပါးမှုကြောင့် သေဆုံးရဖွယ်ရှိကြောင်း နိုင်ငံတကာ သုတေသနအဖွဲ့တစ်ခုက မကြာသေးမီက ဗြိတိန် ပညာရပ်ဆိုင်ရာဂျာနယ် “The Lancet” တွင် ထုတ်ဝေသော သုတေသနစာတမ်းတွင် ဖော်ပြခဲ့သည်။ ပဋိဇီဝဆေးယဉ်ပါးမှုသည် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး၏ အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်လာပြီး ယင်းခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် တိကျပြတ်သားသော အစီအမံများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက် ဆင်ဟွာသတင်းထောက်၏ တွေ့ဆုံမေးမြန်းမှုတွင် သုတေသီများက ထောက်ပြခဲ့သည်။
ပဋိဇီဝဆေးယဉ်ပါးမှုသည် ရောဂါဖြစ်စေသော အဏုဇီဝပိုးမွှားများ ပြောင်းလဲသွားပြီး ၎င်းတို့ကိုသေစေနိုင်သော ပဋိဇီဝဆေးများကို ခံနိုင်ရည်ရှိလာခြင်းဖြစ်သည်။ ဤနောက်ဆုံးလေ့လာမှုတွင် သုတေသီများသည် ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ အခြေအနေကို နိုင်ငံနှင့် ဒေသပေါင်း ၂၀၄ ခု ရှိ လူသန်းပေါင်း ၅၂၀ ကို လွှမ်းခြုံထားသော ကမ္ဘာတစ်ဝန်း စစ်တမ်းတစ်ခု ပြုလုပ်ခဲ့သည်။
၂၀၂၁ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ခန့်မှန်းခြေ လူ ၁.၁၄ သန်းသည် ပဋိဇီဝဆေးယဉ်ပါးမှုကြောင့် သေဆုံးခဲ့ရပြီး ယင်းအရေအတွက်သည် ၂၀၅၀ ပြည့်နှစ်တွင် ၁.၉၁ သန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း လေ့လာမှု ရလဒ်များအရ တွေ့ရှိရသည်။ ၂၀၅၀ ပြည့်နှစ်ရောက်ရှိသောအခါ အသက် ၇၀ နှစ်နှင့်အထက်ရှိသူများတွင် ပဋိဇီဝဆေးယဉ်ပါးမှုကြောင့် သေဆုံးမှုအရေအတွက်သည် သိသိသာသာတိုးလာမည်ဖြစ်ပြီး ပဋိဇီဝဆေးယဉ်ပါးမှုကြောင့် သေဆုံးမှုနှုန်းအများဆုံးဒေသများမှာ တောင်အာရှ၊ လက်တင်အမေရိကနှင့် ကာရေဘီယံဒေသတို့ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်များက ဖော်ပြထားပါသေးသည်။
လေ့လာမှု ရလဒ်များအရ ပဋိဇီဝဆေးယဉ်ပါးမှုသည် သက်ကြီးရွယ်အိုများတွင် ခြိမ်းခြောက်မှု အကြီးမားဆုံး ဖြစ်ပေါ်စေပြီး ကမ္ဘာ့ သက်ကြီးပိုင်းလူဦးရေသည် လျင်မြန်စွာ များပြားလျက်ရှိခြင်းကြောင့် ကြိုတင်ခန့်မှန်းချက်အရ ပဋိဇီဝဆေးယဉ်ပါးမှုကြောင့် သေဆုံးမှုနှုန်းသည် အချိန်နှင့်အမျှ ဆက်လက်တိုးလာမည်ဖြစ်ကြောင်း ဤလေ့လာမှုတွင် ပါဝင်ခဲ့သည့် ဆွီဒင်နိုင်ငံ Karolinska Institute ဆေးတက္ကသိုလ် မှ သုတေသီ Otia Gray က စက်တင်ဘာ ၁၇ ရက် ဆင်ဟွာသတင်းထောက်၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
ပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန် တိကျပြတ်သားသော အစီအမံများ ချက်ချင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းတိကျသော အစီအမံများတွင် ဆေးဝါးရရှိသော အရင်းအမြစ်ကို ပိုမိုကောင်းမွန်စေခြင်း၊ ဆေးဝါးအလွန်အကျွံသုံးစွဲခြင်းကို ထိန်းချုပ်ခြင်းနှင့် ရောဂါပိုးကူးစက်မှု ကာကွယ်ရေးကို အားကောင်းစေခြင်းတို့ ပါဝင်ကြောင်း သုတေသီများစွာက တိုက်တွန်းခဲ့သည်။ (Xinhua)
………………………………
(Chinese Version)
新研究:2025年至2050年抗生素耐药性或致3900万人死亡
新华社伦敦9月17日电(记者郭爽)一个国际研究团队近日在英国学术期刊《柳叶刀》上发表论文说,2025年至2050年间,全球预计将有超过3900万人死于抗生素耐药性。研究人员17日接受新华社记者采访时指出,抗生素耐药性已成为全球公共卫生的重大挑战,必须采取果断行动应对这一威胁。
抗生素耐药性是指致病微生物发生变化,对能杀死它们的抗生素产生耐药性。在这项最新研究中,研究人员对1990年至2021年间的抗生素耐药情况展开全球调查,覆盖204个国家和地区的5.2亿人。
结果发现,2021年全球估计有114万人死于抗生素耐药性,预计这一数字到2050年将达到191万人。预测还显示,到2050年,70岁及以上人群中抗生素耐药性所致死亡人数会大幅增加,抗生素耐药性所致死亡率最高的区域将是南亚、拉丁美洲及加勒比地区。
参与这项研究的瑞典卡罗琳医学院研究人员奥蒂亚·格雷17日接受新华社记者采访时说,研究结果表明,抗生素耐药性对老年人构成了最大威胁,鉴于全球人口正在迅速老龄化,预计抗生素耐药性所致死亡率将随时间推移继续上升。
多名研究人员呼吁,必须立刻采取果断行动应对抗生素耐药性威胁,具体措施包括改善药物获取渠道、控制药物过度使用、加强感染预防等。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.