Connect with us

Social

ချင်းပြည်နယ် မြောက်ပိုင်း နှင့် တောင်ပိုင်းရှိ မြို့နယ်များတွင် ၃ နှစ်ကြာ စီမံကိန်း အကောင်အထည် ဖော်မည်

နားလည်မှု စာချွန်လွှာအား လက်မှတ် ရေးထိုးနေစဉ်(ဓာတ်ပုံ- Ministry of Border Affairs)

ရန်ကုန် ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ)

ချင်းပြည်နယ် မြောက်ပိုင်း နှင့် တောင်ပိုင်းရှိ မြို့နယ်များတွင် ၃ နှစ်ကြာ စီမံကိန်း တစ်ရပ်အား နယ်စပ် ရေးရာ ဝန်ကြီး ဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် Groupe de Recherches et d’Echanges Technologiques (GRET) တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ် ဒေသ နှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် Groupe de Recherches et d’Echanges Technologiques (GRET) တို့အကြား စားနပ်ရိက္ခာ ဖူလုံရေး၊ အသက်မွေးဝမ်းကျောင်းမှု မြှင့်တင်ရေးနှင့် သဘာဝအရင်းအမြစ်များ ထိရောက် အကျိုး ရှိစွာ စီမံခန့်ခွဲအသုံးချရေး စီမံကိန်းဆိုင်ရာ နားလည်မှု စာချွန်လွှာအား ဇန်နဝါရီ ၉ ရက်တွင် လက်မှတ် ရေးထိုးခဲ့သည်။

ထိုနားလည်မှု စာချွန်လွှာ အရ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် Groupe de Recherches et d’Echanges Technologiques (GRET) တို့ ပူးပေါင်း၍ ချင်းပြည်နယ် (မြောက်ပိုင်း) ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်မြို့နယ်များနှင့် ချင်းပြည်နယ် (တောင်ပိုင်း) ပလက်ဝမြို့နယ်တို့တွင် (၃) နှစ်ကြာစီမံကိန်းဖြင့် စားနပ်ရိက္ခာဖူလုံဝပြော ပိုလျှံရေး၊ သက်မွေးဝမ်းကျောင်းမြှင့်တင်ရေးနှင့် သဘာဝအရင်းအမြစ်များကို ထိရောက်အကျိုးရှိစွာ စီမံခန့်ခွဲရေး၊ ဒေသခံပြည်သူများ၏ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများနှင့် ဝင်ငွေတိုးတက်ရေး လုပ်ငန်းများအား ပြန်လည်မြှင့်တင်ပေးခြင်း စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နားလည်မှု စာချွန်လွှာအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးရဲနိုင်နှင့် GRET ဌာနေကိုယ်စားလှယ် ဒေါ်မြင့်စုတို့မှ လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117