China
တရုတ်-ရုရှား ဆက်ဆံရေးက ပိုမိုစွမ်းဆောင်နိုင်ပြီး ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်သည့် အဆင့်သစ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန် ပြောကြား
ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေသော ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် မေ ၂၀ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတ ရှီကျင့်ဖိန်က မကြာသေးမီနှစ်များအတွင်း ပြောင်းလဲရှုပ်ထွေးလျက်ရှိသော နိုင်ငံတကာအခြေအနေများကို ရင်ဆိုင်ရာတွင် တရုတ်-ရုရှား နှစ်နိုင်ငံသည် တန်းတူညီမျှအပြန်အလှန်ဆက်ဆံခြင်း၊ အပြန်အလှန် လေးစားခြင်း၊ ကတိကဝတ်များကို အလေးအနက်ထား၍ ကျင့်ဝတ်ကို လိုက်နာခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်းတို့ကို အခြေခံကာ ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်စေခဲ့ကြောင်း ၊ နှစ်ဖက် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုသည် အဆက်မပြတ် နက်ရှိုင်းလာပြီး ကုန်သွယ်စီးပွား၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ သိပ္ပံနည်းပညာ၊ လူမှုယဉ်ကျေးမှု၊ ဒေသန္တရ စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်ခဲ့ရာ ပြည်သူများ စိတ်နှလုံးချင်း ချိတ်ဆက်မှု ပိုမိုခိုင်မာလာခဲ့ကြောင်း၊ တရုတ်-ရုရှား ဆက်ဆံရေးသည် ပိုမိုစွမ်းဆောင်နိုင်ပြီး ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်သည့် အဆင့်သစ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထောက်ပြခဲ့သည်။ (Xinhua)
…………………………….
(Chinese Version)
习近平:中俄关系进入更有作为、更快发展的新阶段
新华社北京5月20日电 5月20日上午,国家主席习近平在北京人民大会堂同来华进行国事访问的俄罗斯总统普京举行会谈。
习近平指出,近年来,面对变乱交织的国际形势,中俄两国坚持在平等相待、相互尊重、重信守义、合作共赢的基础上发展新时代全面战略协作伙伴关系,双方政治互信不断深化,经贸、投资、能源、科技、人文、地方等合作持续推进,民心相通更加牢固。中俄关系进入更有作为、更快发展的新阶段。(完)
