Connect with us

Africa & Middle East

ကွန်ဂို (DRC) နိုင်ငံ အီဘိုလာရောဂါ သံသယလူနာ ၅၄၃ ဦးအထိ မြင့်တက်လာ

ကွန်ဂို (DRC) နိုင်ငံ North Kivu ပြည်နယ် Goma မြို့တွင် ကျန်းမာရေးဝန်ထမ်းက ဒေသခံပြည်သူများအား ကိုယ်အပူချိန်တိုင်းနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကင်ရှာဆာ၊ မေ ၂၀ ရက် (ဆင်ဟွာ)
ကွန်ဂို (DRC) နိုင်ငံတွင် အသစ်တစ်ကြိမ် အီဘိုလာရောဂါ ကူးစက်မှု ဖြစ်ပွားလာကတည်းက စုစုပေါင်း အစီရင်ခံတင်ပြလာသော သေဆုံးသည့် သံသယလူနာ ၁၃၆ ဦးရှိပြီး အခြားသံသယလူနာ ၅၄၃ ဦးရှိကြောင်း ကွန်ဂို (DRC) နိုင်ငံ ကျန်းမာရေးဝန်ကြီး Roger Kamba က မေ ၁၉ ရက် မြို့တော်ကင်ရှာဆာ၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိအစီရင်ခံတင်ပြသည့် သေဆုံးလူနာများသည် အီဘိုလာဗိုင်းရပ်စ်နှင့် ပတ်သက်မှုရှိသည်ဟု ခန့်မှန်းထားသော လူနာများဖြစ်ကြောင်း၊ ကျန်းမာရေးဌာနက စစ်ဆေးအတည်ပြုမှု လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ပြင် လက်ရှိ အီဘိုလာရောဂါကုသရေးစင်တာ၌ လက်ခံကုသပေးသည့် လူနာမှာ ၆၉ ဦးရှိကြောင်း Roger Kamba က ပြောကြားခဲ့သည်။
ရောဂါကြောင့်သက်ရောက်မှုခံရသည့်ဒေသများတွင် လူမှုအသိုက်အဝန်းအတွင်း အတိုက်အခံဖြစ်မှုနှင့် ကောလာဟလများလည်း ရှိခဲ့သဖြင့် အစီရင်ခံတင်ပြမှုနှောင့်နှေးခြင်းနှင့် ရောဂါကူးစက်ပျံ့နှံ့ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း၊ ကွန်ဂို (DRC) နိုင်ငံ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ရောဂါကူးစက်မှု အပြင်းထန်ဆုံးဖြစ်သည့် Ituri ပြည်နယ်သို့ အရေးပေါ်ပစ္စည်းများ ပို့ဆောင်ခြင်း၊ ကုသရေးစင်တာ တိုးချဲ့တည်ဆောက်ခြင်းတို့ လုပ်ဆောင်ပြီးဖြစ်သလို လူနာရှာဖွေတွေ့ရှိမှု၊ သီးခြားကွာရန်တင်းထားရှိ၍ ကုသမှု၊ ထိတွေ့မှုရှိသူများအား ခြေရာခံရှာဖွေမှု၊ ဘေးကင်းလုံခြုံစွာ မြှုပ်နှံမှုနှင့် လူနေမှုရပ်ကွက်အတွင်း ပညာပေးမှု စသည့်အစီအမံများအား မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း Roger Kamba က ဆိုသည်။
အာဖရိကတိုက် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ အကြီးအကဲ Jean Casey က ၎င်းတို့စင်တာသည် ကွန်ဂို (DRC) နိုင်ငံထံသို့ လူပုဂ္ဂိုလ်ဖြန့်ကြက်နေရာချထားမှု စသည့် ဒေသတွင်းတုံ့ပြန်မှု လုပ်ငန်းများကို ပံ့ပိုးပေးရာတွင် အသုံးပြုရန်အတွက် အရင်းအနှီးငွေ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ အာဖရိကတိုက် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာအနေဖြင့် Bundibugyo အမျိုးအစား အီဘိုလာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးသုံးမျိုးအား အာရုံစိုက်ပြီး သက်ဆိုင်ရာ သုတေနသနပြုလုပ်ခြင်းနှင့် အကဲဖြတ်ခြင်း လုပ်ငန်းများအား အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကွန်ဂို (DRC) နိုင်ငံ အစိုးရသည် ၎င်းနိုင်ငံအရှေ့ပိုင်း Ituri ပြည်နယ်၌ အသစ်တစ်ကြိမ် အီဘိုလာရောဂါ ကူးစက်မှု ဖြစ်ပွားခဲ့ကြောင်း မေ ၁၅ ရက်တွင် ကြေညာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မေ ၁၇ ရက်က သတင်းထုတ်ပြန်ချက်အရ ယူဂန္ဓာနိုင်ငံတွင် အီဘိုလာရောဂါ အတည်ပြုလူနာ ၂ ဦး အစီရင်ခံတင်ပြခဲ့ပြီး ၎င်းအနက် သေဆုံးလူနာ ၁ ဦးပါဝင်ကြောင်း၊ အဆိုပါလူနာ ၂ ဦးသည် ကွန်ဂို (DRC) နိုင်ငံသို့ ခရီးသွားရောက်မှုရှိသော်လည်း ၎င်းတို့အကြားတွင် သိသာထင်ရှားသောပတ်သက်မှုမရှိကြောင်း သိရသည်။
ကွန်ဂို (DRC) နိုင်ငံနှင့် ယူဂန္ဓာနိုင်ငံ၌ အီဘိုလာရောဂါဖြစ်ပွားမှုက “နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ” ဖြစ်လာကြောင်း WHO က မေ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အာဖရိကတိုက် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာက ကွန်ဂို (DRC) နိုင်ငံနှင့် ယူဂန္ဓာနိုင်ငံ၌ ဖြစ်ပွားသည့် အီဘိုလာရောဂါသည် အာဖရိကတိုက် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်ကြောင်း မေ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အာဖရိကတိုက် ကုန်းမြေ၌ ကပ်ရောဂါ အဆက်မပြတ်ပျံ့နှံ့မှုကို ရှောင်ကြဉ်ရန်အတွက် အာဖရိကတိုက်နိုင်ငံအသီးသီးအနေဖြင့် လှုပ်ရှားမှုအတူတကွလုပ်ဆောင်ရန်လည်း တိုက်တွန်းခဲ့သည်။ ယခုအကြိမ် ရောဂါဖြစ်ပွားမှုသည် Bundibugyo အမျိုးအစား အီဘိုလာဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး လက်ရှိတွင် အဆိုပါဗိုင်းရပ်စ်အတွက် သီးသန့်ကုသနည်း သို့မဟုတ် ကာကွယ်ဆေးများ မရှိသေးကြောင်း မိတ်ဆက်ပြောကြားချက်အရ သိရသည်။ (Xinhua)

——————
(Chinese Version)
刚果(金)埃博拉疑似病例升至543例
新华社金沙萨5月19日电(记者史彧)刚果(金)卫生部长坎巴19日在首都金沙萨举行的新闻发布会上说,该国新一轮埃博拉疫情暴发以来,共报告136例已死亡的疑似病例,另有543例疑似病例。
坎巴说,目前报告的死亡病例都是推测与埃博拉病毒相关的病例,卫生部门正在调查核实。此外,目前埃博拉治疗中心收治的患者有69名。
坎巴还说,受影响地区一度存在社区抵触和谣言,导致报告延误及疫情扩散。刚果(金)政府及国际组织已向疫情最严重的伊图里省运送应急物资,扩建治疗中心,并加强病例发现、隔离治疗、接触者追踪、安全安葬和社区宣传等措施。
非洲疾病预防控制中心主任让·卡塞亚在发布会上说,该中心将向刚果(金)提供资金用于支持人员部署等现场响应。他说,非洲疾控中心正关注3种针对本迪布焦型埃博拉病毒的候选疫苗,并将加快相关研发和评估工作。
刚果(金)政府15日宣布东部伊图里省暴发新一轮埃博拉疫情。据世界卫生组织17日通报,乌干达已报告了2例埃博拉确诊病例,包括1例死亡病例。这2名患者均有刚果(金)旅行史,但他们之间没有明显关联。
世卫组织17日宣布,刚果(金)和乌干达出现的埃博拉疫情已构成“国际关注的突发公共卫生事件”。非洲疾控中心18日宣布,发生在刚果(金)和乌干达的埃博拉疫情为非洲公共卫生紧急事件,并呼吁非洲各国共同采取行动,避免疫情在非洲大陆持续蔓延。据介绍,本轮疫情由本迪布焦型埃博拉病毒引发,目前尚无针对该型病毒的疫苗和特异性治疗方法。(完)
图说:5月19日,在刚果(金)北基伍省首府戈马市,医护人员为当地居民测量体温。新华社发

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117