Connect with us

China

ဂျာမနီပြည်သူလူထု ၆၀ ရာခိုင်နှုန်းနီးပါးက တရုတ်အမှတ်တံဆိပ်မော်တော်ကားများ ဝယ်ယူရန် ဆန္ဒရှိကြောင်း စစ်တမ်းတွင် ဖော်ပြ

ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့၌ ကျင်းပသော နိုင်ငံတကာ Automechanika ပြပွဲတွင် ဟုန်ချီပြခန်းနေရာသို့ လာရောက်ကြည့်ရှုသူများကို စက်တင်ဘာလ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖရန့်ဖွတ်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
ဂျာမနီပြည်သူလူထု ၆၀ ရာခိုင်နှုန်းနီးပါးသည် တရုတ်မော်တော်ကားထုတ်လုပ်သည့်ကုမ္ပဏီများမှ ကားများကို ဝယ်ယူရန် ဆန္ဒရှိကြောင်း ဂျာမနီနိုင်ငံ အကြီးဆုံးသယ်ယူပို့ဆောင်ရေးအသင်း Allgemeiner Deutscher Automobil-Club (ADAC) က လတ်တလောထုတ်ပြန်ခဲ့သော စစ်တမ်းတစ်ခု၏ရလဒ်တွင် ဖော်ပြခဲ့သည်။ လျှပ်စစ်ကားသီးသန့် ဝယ်ယူရန် စိတ်ဝင်စားသော ဖြေဆိုသူများတွင် ဂျာမနီပြည်သူလူထု ၈၀ ရာခိုင်နှုန်းက တရုတ်လျှပ်စစ်ကားများကို ရွေးချယ်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။
ဖြေဆိုသူ ဂျာမနီပြည်သူလူထု ၅၉ ရာခိုင်နှုန်းက တရုတ်မော်တော်ကားများ ဝယ်ယူရန် ဆန္ဒရှိကြပြီး ၎င်းတို့အနက် လူလတ်၊ လူငယ်ပိုင်းများသည် ဝယ်ယူလိုသည့်ဆန္ဒ ပို၍ရှိကြောင်း စစ်တမ်းရလဒ်များက ဖော်ပြခဲ့သည်။ အသက် ၃၀ နှစ်မှ ၃၉ နှစ်ကြားဖြေဆိုသူများတွင် ၇၄ ရာခိုင်နှုန်းမှာ တရုတ်အမှတ်တံဆိပ်မော်တော်ကားများ ဝယ်ယူရန်ဆန္ဒ ရှိပြီး အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြားဖြေဆိုသူများကြားတွင် ယင်းအချိုးအစားမှာ ၇၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ထို့အပြင် တရုတ် အဆင့်မြင့် ကားမော်ဒယ်များကိုလည်း ဂျာမနီနိုင်ငံမှ ဝယ်ယူသုံးစွဲသူများက အသိအမှတ်ပြုကြောင်း၊ အဆင့်မြင့် ကားမော်ဒယ်လ်များ ဝယ်ယူသုံးစွဲသူများ၏ ၆၀ ရာခိုင်နှုန်းခန့်က တရုတ်အမှတ်တံဆိပ် မော်တော်ကားများ ဝယ်ယူခြင်းကို ငြင်းဆန်ခြင်းမရှိကြောင်း စစ်တမ်းက ဖော်ပြထားသည်။
တရုတ်အမှတ်တံဆိပ်များကို ရွေးချယ်ရခြင်းအကြောင်းရင်းကို ပြောမိကြသည့်အခါတွင် ဂျာမနီဖြေဆိုသူ ၈၃ ရာခိုင်နှုန်းက အဓိကရွေးချယ်ရခြင်းအကြောင်းရင်းမှာ သက်သာသောကုန်ကျစရိတ်ဖြင့် ကောင်းမွန်သောအရည်အသွေးရခြင်းကြောင့်ဖြစ်သည်ဟု ယူဆကြပြီး အခြား ဖြေဆိုသူ ၅၅ ရာခိုင်နှုန်းနှင့် ၃၇ ရာခိုင်နှုန်းတို့က ဆန်းသစ်ဖန်တီးထားသောနည်းပညာနှင့် ဒီဇိုင်းများမှာ ဆွဲဆောင်မှုရှိသည့်အချက်များကြောင့် ဖြစ်ကြောင်း အသီးသီးဖော်ပြကြသည်။
ထို့အပြင် ADAC က တရုတ် အမှတ်တံဆိပ် ကားမော်ဒယ် ၁၃ မျိုးအား စစ်ဆေးအကဲဖြတ်သည့် အစီရင်ခံစာကို ယခုနှစ် ဧပြီလတွင် ထုတ်ပြန်ခဲ့ရာ တရုတ် ကားမော်ဒယ်အများစုသည် ဥရောပကားအသစ်အကဲဖြတ်မှုစံနှုန်း၏ ကားတိုက်စမ်းသပ်မှုတွင် ရမှတ်အများဆုံး ရရှိခဲ့ကြောင်း၊ ယင်းမှာ တရုတ်နိုင်ငံ၏ ဘက်ထရီ နည်းပညာသည် ရင့်ကျက်ပြီး လက်ရာအရည်အသွေး ကောင်းမွန်ကြောင်း ပြသခဲ့သည်။ (Xinhua)


…………………………………..
(Chinese Version)
调查显示近六成德国民众有意愿购买中国品牌汽车
新华社法兰克福10月4日电(记者单玮怡)德国最大交通协会全德汽车俱乐部近期公布一项调查结果显示,近六成受访德国民众愿意购买中国汽车制造商生产的汽车。在有意向购买纯电动汽车的受访者中,八成德国民众愿意选择购买中国电动汽车。
调查结果显示,59%的受访德国民众愿意购买中国汽车,其中年轻群体购买意愿更为强烈。在30岁至39岁的受访者中,有意愿购买中国品牌汽车的占比为74%;在18岁至29岁的受访者中,这一比例为72%。
另外,调查显示,中国高端车型也得到德国消费者认可,约60%的高端车型消费者表示不排斥购买中国品牌的汽车。
在谈及选择中国品牌的原因时,83%的德国受访者认为首要原因是性价比高,另外分别有55%和37%的受访者将创新技术和设计列为吸引因素。
另外,全德汽车俱乐部今年4月公布的一项针对13款中国品牌车型的测评报告显示,大多数中国车型在欧洲新车评价规范碰撞测试中获得了最高分,显示中国电池技术已经成熟、工艺质量良好。
图说1:9月11日,人们在德国法兰克福国际汽车零配件及售后服务展览会上参观红旗展台。
图说2:9月11日,人们在德国法兰克福国际汽车零配件及售后服务展览会上参观比亚迪展台。