Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၂ ဦး သေဆုံး၊ ၂၆ ဦး အပြင်းအထန် ဒဏ်ရာရရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်း အောက်တိုဘာ ၇ ရက်က ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုအား တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Fire Services Department)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိမ်းမှောက်မှုတစ်ခုကြောင့် လူ ၂ ဦး သေဆုံးကာ အခြားသူ ၂၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မြင့်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၈ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်သည် မှော်ဘီမြို့နယ်အတွင်း အောက်တိုဘာ ၇ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး အထည်ချုပ်လုပ်သား ၇၁ ဦးအား တင်ဆောင်လာသည့် မော်တော်ယာဉ်က စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သေဆုံးသူ ၂ ဦးအပြင် ၂၆ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး အခြားသူများမှာ အနည်းငယ် ထိခိုက်ဒဏ်ရာရရှိမှုများ ရှိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ဒေသန္တရကယ်ဆယ်ရေးအဖွဲ့များက ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်း အောက်တိုဘာ ၇ ရက်က ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုအား တွေ့ရစဉ် (ဓာတ်ပုံ – Myanmar Fire Services Department)

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်း အောက်တိုဘာ ၇ ရက်က ဖြစ်ပွားခဲ့သည့် ယာဉ်တိမ်းမှောက်မှုအား တွေ့ရစဉ် (ဓာတ်ပုံ – Myanmar Fire Services Department)

………………………….
(English Version)
2 killed, 26 seriously injured in rollover crash in Myanmar’s Yangon
YANGON, Oct. 8 (Xinhua) — A rollover crash in Yangon resulted in two deaths and left 26 others seriously injured, an official from the Myint Myat Saytanar rescue organization told Xinhua on Tuesday.
The accident occurred around 6 p.m. local time on Monday in Hmawbi township when a vehicle carrying 71 garment workers overturned due to a mechanical failure, he said.
In addition to the fatalities, 26 people suffered serious injuries, while others sustained minor injuries, he added.
All the injured individuals were transported to hospitals by local rescue organizations, the official said. Enditem