Connect with us

Europe

ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် တက်ရောက်မည်

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အော့တဝါ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး (Justin Trudeau) သည် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) နှစ်ပတ်လည် အစည်းအဝေးတက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့သို့ ဇန်နဝါရီလ ၂၂ ရက်တွင် ထွက်ခွာခဲ့ကြောင်း ကနေဒါနိုင်ငံ ဝန်ကြီးချုပ်ရုံးက ဇန်နဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

လေးရက်ကြာ ပြုလုပ်မည့် ထို အစည်းအဝေး၌ ထရူးဒိုးသည် အခြား ကမ္ဘာ့ခေါင်းဆောင်များ၊ ကမ္ဘာ့ စီးပွားရေး ခေါင်းဆောင်များနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည် ဖြစ်သည်။

ယခုနှစ် ဖိုရမ်အား “Creating a Shared Future in a Fractured World” ဟူသော ခေါင်းစဉ်အောက်တွင် ပြုလုပ်မည် ဖြစ်ပြီး နယ်ပယ်စုံမှ ခေါင်းဆောင်များအား ရဲရင့်သော အကြံဉာဏ်များ ရှာဖွေရန် တွန်းအားပေးထားပြီး ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေး တိုးတက်ခြင်း အမြင်ဖြင့် ပူးပေါင်းညှိနှိုင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အခွင့်အလမ်းသစ်များ ဖော်ဆောင်ခြင်းနှင့် ရေရှည်တည်တံ့သော စီးပွားရေး တည်ထောင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကနေဒါနိုင်ငံ ဝန်ကြီးချုပ်သည် ဒါဗို့စ်မြို့၌ ရှိနေစဉ်အတွင်း တီထွင်ဆန်းသစ်မှု၊ သိပ္ပံနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Navdeep Bains ၊ ဘဏ္ဍာရေးဝန်ကြီး Bill Morneau ၊ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ၊ အမျိုးသမီးရေးရာဝန်ကြီး Maryam Monsef တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်အား အကျိုးအမြတ်မယူသော အဖွဲ့အစည်းအဖြစ် ၁၉၇၁ ခုနှစ်တွင် အများပိုင်-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအတွက် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ တိုးတက်ရေးအတွက် ကတိကဝတ်ပြုခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.