Connect with us

Asia

ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအား ဦးတည်ကာ လာအို-တရုတ် ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ကျင်းပ

လာအို-တရုတ် ခေတ်သစ်ပိုးလမ်းကြီး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၌ မိန့်ခွန်းပြောကြားနေသော ဆင်ဟွာ သတင်းဋ္ဌာန ဥက္ကဋ္ဌ ချိုက်မင်းကျိုအား တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

လာအို-တရုတ် ခေတ်သစ်ပိုးလမ်းကြီး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်အား အိမ်နီးချင်း နှစ်နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအား ဦးတည်ချက်ထားကာ ယနေ့ (ဖေဖော်ဝါရီလ ၂ ရက်) တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ဖိုရမ်သို့ ပေးပို့သည့် လာအိုနိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith ၏ သဝဏ်လွှာ၌ ယခု ကျင်းပသည့် ညီလာခံသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက လာအိုနိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ချစ်ကြည်ရေးခရီးစဉ်မှ အကျိုးရလဒ်များအား အကောင်အထည်ဖော်မှု တစ်ရပ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဤဖိုရမ်သည် ၂၀၁၇ ခုနှစ် မေလက တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ပြုလုပ်ခဲ့သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်၏ ဆက်စပ်သော မူဝါဒများနှင့် အကျိုးရလဒ်များ အကောင်အထည်ဖော်ခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

လာအို-တရုတ် ခေတ်သစ်ပိုးလမ်းကြီး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ဖိုရမ်၌ ဆင်ဟွာ သတင်းအေဂျင်စီဥက္ကဋ္ဌ ချိုက်မင်းကျိုက အဖွင့်အမှာစကား၌ တရုတ်နိုင်ငံ သမ္မတနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုအား ပိုမို မြှင့်တင်ရန် အရေးပါသော မှတ်တိုင်နှင့် ကာလရှည်ကြာ တည်ငြိမ်ပြီး မဟာဗျူဟာကျသော မိတ်ဖက်နိုင်ငံဆက်ဆံရေးအား ကဏ္ဍသစ်ဆီသို့ မြှင့်တင်ပေးခြင်းလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီ၏ ပြီးခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း လာအိုနိုင်ငံ သမ္မတနှင့် လာအို ပြည်သူ့ လွတ်မြောက်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ဘွန်ညံဗိုရာချစ် (Bounnhang Vorachit) နှင့် တွေ့ဆုံခဲ့စဉ် တရုတ်-လာအို စီးပွားရေးစြင်္ကံ ပူးတွဲတည်ထောင်ရန်နှင့် ကြီးမားသည့် အောင်မြင်မှုများ ရရှိနေပြီဖြစ်သော ခေတ်သစ်ပိုးလမ်းမကြီးကဲ့သို့သော စီမံကိန်းသစ်တစ်ခု ပေါ်ထွက်လာရေးနှင့် မျိုးစေ့သစ်များ ထိန်းသိမ်းစောင့်ရှောက်ကြရန် သဘောတူခဲ့ကြကြောင်း ချိုက်က ဆိုသည်။

ထို့ပြင် ချိုက်က ဆက်၍ ယခုဖိုရမ်သည် နှစ်နိုင်ငံ ခေါင်းဆောင်များမှ ချမှတ်ထားသော ရလဒ်များ အကောင်အထည်ဖော်ရေး တွန်းအားပေးရန်၊ တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုနှင့် လာအိုနိုင်ငံ၏ ယခင်က ကုန်းတွင်းပိတ်နိုင်ငံအဖြစ်မှ ကုန်းတွင်းချိတ်ဆက်နိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းသည့် လာအိုနိုင်ငံ၏ မဟာဗျူဟာ အောင်မြင်မှုရှိစေရေးအတွက် အပြုသဘောဆောင်သော ထောက်ပံ့မှုများ ပြုလုပ်ရန်နှင့် အရေးပါသော မဟာဗျူဟာနှင့်အတူ အနာဂတ်မျှဝေမှုရှိသော လူမှုအသိုက်အဝန်းတစ်ခု တည်ထောင်ရေး စသည်တို့အတွက် ကျင်းပရခြင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

နှစ်နိုင်ငံ မီဒီယာ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန်နှင့် ခေတ်သစ်ပိုးလမ်းမကြီး စီးပွားရေးသတင်းနှင့် အချက်အလက်ဆိုင်ရာ မဟာမိတ် ပူးတွဲတည်ထောင်ရန် ချိုက်က ပြောကြားခဲ့သည်။

နှစ်ရက်ကြာပြုလုပ်မည့် ဖိုရမ်သို့ ဖိတ်ကြားထားသည့် အစိုးရဋ္ဌာနများ၊ စီးပွားရေးလုပ်ငန်းများနှင့် အခြားကဏ္ဍများမှ ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117