Connect with us

Asia

မော်လ်ဒိုက် နိုင်ငံ ၌ အရေးပေါ် အခြေအနေ ရောက်ရှိကြောင်း ထုတ်ပြန်ကြေညာ

မော်လ်ဒိုက် နိုင်ငံ သမ္မတဟောင်း Maumoon Abdul Gayoom အား ဖေဖော်ဝါရီ ၆ ရက်နေ့၌ ဖမ်းဆီး သွားသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မာလီ ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

မော်လ်ဒိုက် နိုင်ငံ သမ္မတဟောင်း Maumoon Abdul Gayoom အား ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်း အချိန်တွင် မော်လ်ဒိုက် နိုင်ငံ အထူးရဲ တပ်ဖွဲ့ က ဖမ်းဆီး လိုက်ကြောင်း သိရှိရသည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ သမ္မတဟောင်း Maumoon Abdul Gayoom အား မြို့တော် မာလီ ရှိနေအိမ်တွင် ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး သမ္မတဟောင်း က ၎င်း၏ လူမှုကွန်ယက် စာမျက်နာ တွင် မတရားဖမ်းဆီး ခံခဲ့ရကြောင်း ရေးသား ခဲ့သည် ဟု သိရှိခဲ့ရသည်။

သမ္မတဟောင်း Maumoon Abdul Gayoom နှင့် မော်လ်ဒိုက် နိုင်ငံ လက်ရှိ သမ္မတ Abdulla Yameen တို့က အဖေတူ အမေကွဲ ညီအကိုများ ဖြစ်ကြပြီး ၁၉၇၈ ခုနှစ် မှ စတင်၍ သမ္မတဟောင်း က သမ္မတ ရာထူးအား ၅ ကြိမ် ဆက်တိုက် အရွေးချယ် ခံခဲ့ရသည်။ သမ္မတဟောင်း အနေဖြင့် ၂၀၁၃ ခုနှစ် တွင် Abdulla Yameen အား သမ္မတ ရွေးကောက်ပွဲ တွင် အနိုင်ရရှိရန် ကူညီပေးခဲ့သော်လည်း Abdulla Yameen က သမ္မတ အဖြစ် ရွေးကောက် ခံရပြီး နောက်တွင် ညီအကို နှစ်ဦး က အတိုက်အခံများ ဖြစ်လာ ခဲ့ကြသည်။ လက်ရှိချိန်တွင် သမ္မတဟောင်း Maumoon Abdul Gayoom က မော်လ်ဒိုက် နိုင်ငံ အတိုက်အခံပါတီ အဖွဲ့ချုပ် ၏ ခေါင်းဆောင်သူ တစ်ဦး ဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၁ ရက် နေ့တွင် မော်လ်ဒိုက် နိုင်ငံ အမြင့်ဆုံး တရားရုံး က Abdulla Yameen အစိုးရ အား သမ္မတ ဟောင်း Mohamed Nasheed အပါအဝင် အတိုက်အခံ ပါတီ ခေါင်းဆောင် ၉ ဦး ကို ပြစ်မှုမရှိကြောင်း အမိန့်ချ ခဲ့ပြီး လွတ်မြောက်ခွင့်ပေးရန် အမိန့်ချခဲ့သည်။ ထို့နောက် အတိုက်အခံ ပါတီ ထောက်ခံသူများက လမ်းမပေါ်ထွက်၍ အောင်ပွဲခံခဲ့ရာ ရဲတပ်ဖွဲ့ နှင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၅ ရက်နေ့ ညပိုင်း အချိန်၌ မော်လ်ဒိုက် နိုင်ငံ ဥပဒေရေးရာ ဝန်ကြီး က နိုင်ငံပိုင် ရုပ်သံဌာန မှ တစ်ဆင့် သမ္မတ Abdulla Yameen က မော်လ်ဒိုက် နိုင်ငံ အတွင်း အရေးပေါ် အခြေအနေ ၁၅ ရက် ထားရှိရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.