International Organizations
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၈ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ဘိုင်ယန်မြူးနစ်နည်းပြ ကွန်ပနီက ပြန်လည်ခြေစွမ်းပြလာသည့် နောက်ခံလူ ကင်မင်ဂျေးအား ချီးကျူး
ဘိုင်ယန်မြူးနစ်အသင်း နည်းပြဖြစ်သူ ဗင်းဆင့်ကွန်ပနီက တောင်ကိုရီးယားနောက်ခံလူ ကင်မင်ဂျေးအနေဖြင့် အသင်း၌ တစ်နှစ်ကြာ ရုန်းကန်ခဲ့ရသော်လည်း မျှော်လင့်ထားသည့်အတိုင်း ပြန်လည်ခြေစွမ်းပြလာမည့် လမ်းကြောင်းပေါ်တွင် ရှိနေပြီဟု နိုဝင်ဘာ ၂၇ ရက်၌ ပြောကြားခဲ့သည်။ နိုဝင်ဘာ ၂၆ ရက်က ပီအက်စ်ဂျီအသင်းအား အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ကင်က အနိုင်ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။
“အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာလည်း ကျွန်တော့်အသင်းက တိုက်စစ်မှူးတွေက သူနဲ့ထိပ်တိုက်မရင်ဆိုင်ချင်ကြပါဘူး” ဟုလည်း ကွန်ပနီက ပြောကြားခဲ့သည်။
…..
— အက်သလက်တီကို၏ ချန်ပီယံလိဂ်မျှော်လင့်ချက်များကို အယ်လ်ဗာရက်စ်၏ သွင်းဂိုးများဖြင့် အသက်ဆက်
စပိန်လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်အသင်း တိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်စ်က နိုဝင်ဘာ ၂၆ ရက်၌ စပါတာပရက်ဂ်အသင်းအား ၆ ဂိုးပြတ် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ၂ ဂိုးသွင်းယူကာ အဖိုးတန် ၃ မှတ်ကို ရယူပေးခဲ့သလို ယခုဘောလုံးရာသီ၌ ၎င်း၏သွင်းဂိုးစုစုပေါင်းမှာ ၇ ဂိုး ရှိလာပြီဖြစ်သည်။ အယ်လ်ဗာရက်စ်အနေဖြင့် လာလီဂါတွင် ၄ ဂိုးသွင်းယူထားကာ အဆိုပါသွင်းဂိုး အားလုံးနီးပါးမှာလည်း အရေးပါသော သွင်းဂိုးများပင်ဖြစ်သည်။
…..
— ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က World Cup 2022 Legacy ရန်ပုံငွေ ထူထောင်
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အနေဖြင့် လူမှုရေးဆိုင်ရာ အစီအစဉ်အသီးသီးတွင် အမေရိကန်ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံရန် ရည်မှန်းထားသည့် World Cup 2022 Legacy ရန်ပုံငွေအား ထူထောင်ကြောင်း နိုဝင်ဘာ ၂၇ ရက်က ကြေညာခဲ့သည်။
…..
— တရုတ်တိုက်စစ်မှူး ကျန်းယွိနင်က လာမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ ဒဏ်ရာမှ ပြန်လည်သက်သာလာမည်ဟု ယုံကြည်နေ
တရုတ်ဘောလုံးအသင်း တိုက်စစ်မှူး ကျန်းယွိနင်က လာမည့် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲမတိုင်မီ ခြေချင်းဝတ်ဒဏ်ရာ ပြန်လည်ကောင်းမွန်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် နိုဝင်ဘာ ၁၄ ရက်က ဘာရိန်းအသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဥ်တွင် ညာဘက်ခြေချင်းဝတ် အဆစ်လွဲသွားခြင်းကြောင့် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ရှိ ပြန်လည်ထူထောင်ရေးစင်တာ၌ ကုသမှုခံယူရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Bayern coach Kompany hails defender Kim’s resurging form
Bayern Munich’s coach Vincent Kompany said on Wednesday that South Korean defender Kim Min-Jae is on his way to meet expectations after a year of frustration.
“I saw our strikers have no fun competing against him in training sessions,” Kompany said of Kim, who struck the winner to guid Bayern Munich to a 1-0 home win over Paris Saint-Germain in the Champions League on Tuesday.
…..
Alvarez adapting to keep Atletico’s European hopes intact
Julian Alvarez scored two goals in Atletico’s impressive 6-0 win away to Sparta Prague on Tuesday night to give his side three vital points as it looks to assure its place in the knockout stages of the Champions League. Those goals lifted his total to the season to seven, after he opened his account in a win against Valencia in the middle of September. Alvarez has scored four goals in La Liga and nearly all of them have been vital.
…..
FIFA launches World Cup 2022 Legacy Fund
FIFA announced on Wednesday the launch of its World Cup 2022 Legacy Fund, which aims to invest 50 million U.S. dollars in various social initiatives.
…..
China striker Zhang confident of recovery before next FIFA World Cup qualifier
China forward Zhang Yuning said he was confident of his recovery from an ankle injury ahead of China’s next FIFA World Cup qualifier. Zhang, who twisted his right ankle in China’s 1-0 win over Bahrain on November 14, has planned to seek treatment at a rehabilitation center in Amsterdam, Holland.