Europe
ဂျာမန်နိုင်ငံ ဝန်ကြီးချုပ် Scholz ယူကရိန်းသို့ ရုတ်တရက် အလည်အပတ်ခရီးစဉ်ရောက်ရှိ
ကိဗ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးသည် ဒီဇင်ဘာ ၂ ရက်တွင် မြို့တော် ကိဗ်သို့ အလည်အပတ်ရောက်ရှိနေသော ဂျာမန်နိုင်ငံ ဝန်ကြီးချုပ် Scholz နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ယူကရိန်းအနေဖြင့် စစ်မြေပြင်နှင့် သံတမန်ရေးရာတွင် ၎င်း၏ စွမ်းရည်ကို မည်သို့မြှင့်တင်နိုင်သည့်ကိစ္စရပ်များကို အဓိက ဆွေးနွေးခဲ့ကြောင်း ယူကရိန်းသမ္မတရုံး ၀က်ဘ်ဆိုက်၌ အဆိုပါနေ့ ညပိုင်းက ထုတ်ပြန်ခဲ့သည်။
ဂျာမနီသည် ဥရောပရှိ ယူကရိန်း၏ လေကြောင်းရန်ကာကွယ်ရေး လက်နက် ပံ့ပိုးကူညီသော အဓိကနိုင်ငံဖြစ်ပြီး ၎င်းမှ ယူကရိန်းအား ထောက်ပံ့သော “Patriot” ဒုံးကျည်ကာကွယ်ရေးစနစ်၊ IRIS-T လေကြောင်းရန် ကာကွယ်ရေးစနစ်နှင့် “Guepard” လေကြောင်းကာကွယ်ရေးတင့်ကားများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ ယခုလတွင် ယူကရိန်းအား ယူရိုသန်း ၆၅၀ တန်ဖိုးရှိ စစ်ရေးအကူအညီ တစ်သုတ်ပေးခဲ့မှုအတွက် ဂျာမနီနိုင်ငံအား ကျေးဇူးတင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားချိန်မှစ၍ ဂျာမနီနိုင်ငံက ယူကရိန်းအား ယူရိုငွေ ၂၈ ဘီလီယံနီးပါး ပံ့ပိုးကူညီပေးခဲ့ကြောင်း Scholz က ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ဂျာမနီသည် ယူကရိန်းအား လေကြောင်းကာကွယ်ရေးစနစ်များ၊ အမြောက်များ၊ မောင်းသူမဲ့လေယာဉ်များနှင့် ရဟတ်ယာဉ်များစသည့် လက်နက်ပစ္စည်းကိရိယာများကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
Scholz သည် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ကိဗ်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ယင်းမှာ ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားချိန်မှစ၍ Scholz က ကိဗ်မြို့သို့ ဒုတိယအကြိမ်လာရောက်ခြင်း ဖြစ်သည်။ (Xinhua)
……………………………………………
(Chinese Version)
德国总理朔尔茨突访乌克兰
新华社基辅12月2日电(记者李东旭)乌克兰总统网站2日晚发布消息说,乌总统泽连斯基当天在首都基辅与到访的德国总理朔尔茨举行会谈,双方重点讨论了乌克兰如何在战场和外交上增强实力等问题。
泽连斯基说,德国是乌克兰在欧洲的主要防空武器援助国,其向乌方提供的“爱国者”导弹防御系统、IRIS-T防空系统和“猎豹”防空坦克发挥了重要作用。他感谢德国本月将向乌提供新一批6.5亿欧元的军事援助。
朔尔茨表示,自俄乌冲突以来,德国已向乌克兰提供了近280亿欧元的援助。2025年,德国将继续向乌方提供防空系统、火炮、无人机和直升机等武器装备。
朔尔茨2日早晨抵达基辅。这是自俄乌冲突以来,朔尔茨第二次到访基辅。(完)
图说:2024年7月24日,德国总理朔尔茨在柏林举行的新闻发布会上讲话。新华社记者李函林摄