Connect with us

Europe

ပြင်သစ်အမျိုးသားလွှတ်တော်က အစိုးရအပေါ် အယုံအကြည်မရှိအဆိုကို အတည်ပြု

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပသော ပြင်သစ်အမျိုးသားလွှတ်တော်က အစိုးရအပေါ် အယုံအကြည်မရှိအဆိုကို မဲခွဲဆုံးဖြတ်မှု မပြုလုပ်မီ အချေအတင်ပြောကြားနေသော ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Barnier (ရှေ့တန်း၊ ယာဘက်၊ တတိယ) အား ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
ပြင်သစ်အမျိုးသားလွှတ်တော်က အစိုးရအပေါ် အယုံအကြည်မရှိအဆို တစ်ရပ်ကို ဒီဇင်ဘာ ၄ ရက် ညပိုင်းက အတည်ပြုခဲ့သည်။ ပြင်သစ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Michel Barnier သည် အစိုးရ ကိုယ်စား သမ္မတထံ ရာထူးမှနုတ်ထွက်စာ တင်ပြရမည်ဖြစ်သည်။ ယင်းသည် ၁၉၆၂ ခုနှစ်နောက်ပိုင်းမှစ၍ ပထမဆုံးအကြိမ် ပြင်သစ်နိုင်ငံ အစိုးရကို လွှတ်တော်မှ ဖြုတ်ချခြင်း ဖြစ်သည်။
အဆိုပါနေ့ ညနေပိုင်းတွင် အမျိုးသားလွှတ်တော်က အစိုးရအပေါ် အယုံအကြည်မရှိအဆို နှစ်ရပ်ကို သုံးသပ်ဆွေးနွေးခဲ့သည်။ လက်ဝဲယိမ်းအုပ်စု၏ လွှတ်တော်အမတ် ၁၈၅ ဦးမှ အဆိုပြုသော အယုံအကြည်မရှိဆိုင်ရာ အဆိုပြုချက်သည် မဲခွဲဆုံးဖြတ်မှုတွင် ထောက်ခံမဲ ၃၃၁ မဲရရှိခဲ့ပြီး အယုံအကြည်မရှိဆိုင်ရာ အဆိုပြုချက်ကို အတည်ပြုရန် လိုအပ်သည့် အနည်းဆုံး ၂၈၈ မဲကို ကျော်လွန်ခဲ့သည်။ နောက်ထပ် အယုံအကြည်မရှိအဆို တစ်ရပ်ကို လက်ယာစွန်းအုပ်စုမှ လွှတ်တော်အမတ် ၁၄၀ ဦးက အဆိုပြုခဲ့ပြီး မဲခွဲဆုံးဖြတ်ခြင်း ထပ်၍မပြုလုပ်ခဲ့ပေ။
ယခုလ ၂ ရက်တွင် Barnier သည် ပြင်သစ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သက်ဆိုင်ရာ ယန္တရားများကို အသုံးပြု၍ လာမည့်နှစ်၏ လူမှုဖူလုံရေးဘတ်ဂျက်ကို အမျိုးသားလွှတ်တော်မှ မဲပေးမှုဖြင့်မဟုတ်ဘဲ “တစ်ဇွတ်ထိုး” အတည်ပြုပေးခဲ့သည်။ထို့နောက် မကြာမီ အမျိုးသားလွှတ်တော်ရှိ လက်ဝဲယိမ်းနှင့်လက်ယာစွန်း လွှတ်တော်အမတ်များက စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။
Barnier ကို ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က စက်တင်ဘာ ၅ ရက်တွင် ဝန်ကြီးချုပ်အဖြစ် ရာထူးခန့်အပ်ခဲ့ပြီး သုံးလခန့်သာ တာဝန်ထမ်းဆောင်ခဲ့သည်။ လုပ်ထုံးလုပ်နည်းများအရ Barnier အစိုးရအဖွဲ့ ရာထူးမှ နုတ်ထွက်ပြီးနောက် ဝန်ကြီးချုပ်အသစ် ခန့်အပ်ခြင်းမရှိသေးခင် ထိုအစိုးရက နေ့စဉ် အစိုးရရေးရာနှင့် အရေးပေါ် စီမံခန့်ခွဲမှုများကို ဆက်လက်တာဝန်ယူရမည်ဖြစ်သည်။
အချို့သော အတိုက်အခံပုဂ္ဂိုလ်များက လက်ရှိနိုင်ငံရေးအကျပ်အတည်းများသည် မက်ခရွန်ကြောင့် ဖြစ်ရသည်ဟု ဝေဖန်ခဲ့ပြီး ၎င်းအား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။ မက်ခရွန်သည် ဒီဇင်ဘာ ၃ ရက်တွင် ဆော်ဒီအာရေဗျသို့ အလည်အပတ် ခရီးစဉ်သွားရောက်စဉ်အတွင်း ၎င်းသည် ရာထူးမှ နုတ်ထွက်မည်မဟုတ်ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။ မက်ခရွန်သည် ဝန်ကြီးချုပ်အသစ်ကို အမြန်ဆုံးခန့်အပ်ရန် စီစဉ်နေကြောင်း BFM TV က မက်ခရွန်နှင့် နီးစပ်သူများ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။ (Xinhua)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပသော ပြင်သစ်အမျိုးသားလွှတ်တော်က အစိုးရအပေါ် အယုံအကြည်မရှိအဆိုကို မဲခွဲဆုံးဖြတ်မှု မပြုလုပ်မီ အချေအတင်ဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားနေသော ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Barnier အား ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………
(Chinese Version)
法国国民议会通过对政府的不信任动议
新华社巴黎12月4日电(记者乔本孝)法国国民议会4日晚投票表决通过一项对政府的不信任动议。依照法国宪法,法国总理巴尼耶将代表政府向总统递交辞呈。这是1962年以来法国政府首次被议会推翻。
当天下午,国民议会就两项对政府不信任动议进行审议。由左翼阵营185名议员提交的不信任动议在表决中得到331票支持,超过通过不信任动议所需的至少288票。另一项不信任动议由极右翼阵营140名议员提交,不再进行投票表决。
本月2日,巴尼耶动用法国宪法相关机制,不经国民议会投票而“强行”通过明年的社保预算案。国民议会中的左翼和极右翼议员随后发起弹劾。
巴尼耶9月5日被法国总统马克龙任命为总理,上任仅3个月。按照惯例,巴尼耶内阁辞职后,在新总理任命之前将继续负责日常政务和应急管理。
部分反对派人士批评马克龙导致当前的政治困境,并要求他辞职。马克龙3日出访沙特阿拉伯期间对媒体表示他不会辞职。法国商业调频电视台引用马克龙身边人士的话说,马克龙计划尽快任命新总理。(完)
图说1:12月4日,在法国巴黎,法国总理巴尼耶(前右三)出席国民议会就对政府不信任动议投票表决前辩论。新华社发(奥雷利安·莫里萨尔摄)
图说2:12月4日,在法国巴黎,法国总理巴尼耶在国民议会就对政府不信任动议投票表决前辩论上发言。新华社发(奥雷利安·莫里萨尔摄)