Asia
တောင်ကိုရီးယား ခရီးသွားလုပ်ငန်းများ ရိုက်ခတ်မှုဒဏ်ခံနေရ၊ ခရီးသွားများ ဘေးကင်းမှုကို အာမခံကြောင်း ဆိုးလ်မြို့တော်ဝန် ကတိပြု
ပေကျင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ယခုကာလများတွင် တောင်ကိုရီးယားနိုင်ငံ ခရီးသွားလုပ်ငန်းသည် အရေးပေါ် စစ်အုပ်ချုပ်ရေး ဂယက်ကြောင့် ရိုက်ခတ်မှုရှိရာ ဟိုတယ်နှင့် ခရီးသွားအေဂျင်စီ အများအပြားက ကြိုတင်မှာယူမှုများ ဖျက်သိမ်းခြင်းကို တွေ့ကြုံခဲ့ရသည်။ ဆိုးလ်မြို့တော်ဝန် Oh Se-hoon က ခရီးသွားဧည့်သည်များ ဘေးကင်းစေရေး အစီအမံများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၁ ရက်က ကတိပြုခဲ့ပြီး နိုင်ငံခြားခရီးသွားဧည့်သည်များအား ဆိုးလ်မြို့သို့ လာရောက်လည်ပတ်ရန် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယိုက အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့်ကို နာရီအနည်းငယ်သာ ကြာပြီးနောက် ရုပ်သိမ်းလိုက်သော်လည်း ဤဖြစ်ရပ်မှာ တောင်ကိုရီးယား ခရီးသွားလုပ်ငန်းအပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီးဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ မီဒီယာများက ခရီးသွားလုပ်ငန်း သတင်းအရင်းအမြစ်များမှသိရှိရကြောင်း ဖော်ပြသည်။ အမေရိကန်၊ ကနေဒါနှင့် ဗြိတိန် စသည့်နိုင်ငံ အစိုးရများသည် တောင်ကိုရီးယားနိုင်ငံ ခရီးသွားလာရေးနှင့် ပတ်သက်၍ လူစုလူဝေးနေရာများနှင့် ဝေးဝေးနေရန် လူထုအားသတိပေးသော သတိချက်များ ထုတ်ပြန်ခဲ့သည်။ ဘေးကင်းရေး စိုးရိမ်မှုများကြောင့် ခရီးသွားအများအပြားသည် ဟိုတယ်နှင့် ခရီးသွားအေဂျင်စီမှ ကြိုတင်မှာယူမှုများကို ပယ်ဖျက်လိုက်ကြသည်။
အထက်ပါအခြေအနေများကို တုံ့ပြန်သည့်အနေဖြင့် ဆိုးလ်မြို့တော်အစိုးရက နိုင်ငံခြားခရီးသွားဧည့်သည်များအား ဆွဲဆောင်ရန်အတွက် “လုံခြုံသော ဆိုးလ်မြို့” ပုံရိပ်ကို တည်ဆောက်သည့် တစ်ချိန်တည်းမှာပင် သက်ဆိုင်ရာကုမ္ပဏီလုပ်ငန်းများ ပိတ်သိမ်းခြင်းအား တားဆီးရန် ခရီးသွားလုပ်ငန်းအပေါ် ထောက်ပံ့မှုအား တိုးမြှင့်သွားရန် အစီအမံများ တသီကြီး ချမှတ်သွားမည်ဖြစ်ကြောင်း Oh Se-hoon က ပြောကြားခဲ့သည်။
နိုင်ငံခြားခရီးသွားဧည့်သည်များအတွက် နွေးထွေးဖော်ရွေသော အငွေ့အသက်များ ဖန်တီးကာ မူလစီစဉ်ထားသည့်အတိုင်း အကြီးစားပွဲလမ်းသဘင်အခမ်းအနားများကို ကျင်းပမည်ဖြစ်ကြောင်း Oh Se-hoon ကတိပြုခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ ခရီးသွားဧည့်သည်တိုင်းကို ဆိုးလ်မြို့ကိုရောက်တဲ့အချိန်ကစပြီး ပျူငှာတဲ့ ကြိုဆိုမှုကို ခံစားရစေရန်အတွက် အခမ်းအနားမျိုးစုံကို ကျင်းပသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
韩国旅游业遭受冲击 首尔市长承诺保证游客安全
新华社北京12月12日电 韩国旅游业近期因紧急戒严风波受到冲击,不少酒店和旅行社遭遇退订。首尔市长吴世勋11日承诺将采取措施保证游客安全,并力邀外国游客赴首尔旅游。
韩国媒体以旅游业人士为消息源报道,虽然韩国总统尹锡悦发布的紧急戒严令仅持续数小时就解除,但这一事件对韩国旅游业的负面影响已经显现。美国、加拿大和英国等国政府发布针对韩国的旅行建议,提醒民众远离人流密集地区。出于安全考虑,不少游客取消了酒店和旅行社的预订。
针对上述情况,吴世勋表示,首尔市政府将推出一系列措施,打造“安全首尔”形象吸引外国游客,同时加大对旅游业的支持力度,防止相关企业倒闭。
吴世勋承诺,将为外国游客营造热情友好的氛围,按原计划举行大型节庆活动。“我们将举办各种活动,确保每位游客从抵达首尔的那一刻起就感受到由衷欢迎。”
图说1:12月4日,游客在韩国首尔的光化门广场前游览。新华社记者姚琪琳摄
图说2:2023年12月20日,游客在韩国首尔景福宫游览。新华社记者姚琪琳摄