Connect with us

Media

တရုတ်နိုင်ငံက ဗီဇာကင်းလွတ်ဖြတ်သန်းသွားလာနေထိုင်ခွင့်ကို နာရီပေါင်း ၂၄၀ အထိ တိုးမြှင့်လိုက်သလို ဝင်ပေါက်နေရာများကိုလည်း ထပ်မံတိုးချဲ့

တရုတ်နိုင်ငံက ဗီဇာကင်းလွတ်ဖြတ်သန်းသွားလာနေထိုင်ခွင့်မူဝါဒကို သိသိသာသာဖြေလျှော့လိုက်ကြောင်း၊ သတ်မှတ်ချက်နှင့် ကိုက်ညီသော နိုင်ငံခြားသားခရီးသွားဧည့်သည်များအတွက် နေထိုင်ခွင့်သက်တမ်းကို မူလက ၇၂ နာရီနှင့် ၁၄၄ နာရီသတ်မှတ်ထားရာမှ နာရီပေါင်း ၂၄၀ သို့မဟုတ် ၁၀ ရက်အထိ တိုးမြှင့်လိုက်သည်။ အသစ်ပြင်ဆင်လိုက်သော မူဝါဒအရ ရုရှား၊ ဘရာဇီး၊ ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါ အပါအဝင် နိုင်ငံ ၅၄ နိုင်ငံမှ သတ်မှတ်ချက်နှင့် ကိုက်ညီသူများအနေဖြင့် တတိယနိုင်ငံ သို့မဟုတ် ဒေသတစ်ခုခုသို့ ဖြတ်သန်းသွားရာ၌ ဗီဇာမလိုဘဲ တရုတ်နိုင်ငံသို့ ဝင်ရောက်နိုင်ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZEn
……………………………………..
(English Version)
China extends visa-free transit stays to 240 hours, adds more entry points
China announces a significant relaxation of its visa-free transit policy, extending the permitted stay for eligible foreign travelers from the original 72 and 144 hours to 240 hours, or 10 days. Under the updated policy, eligible citizens from 54 countries, including Russia, Brazil, Britain, the United States and Canada, can enter China visa-free when transiting to a third country or region. xhtxs.cn/ZEn
Photo: Tourists from Spain visit Tianzifang, an art area in east China’s Shanghai, Dec. 3, 2024. (Photo by Chen Haoming/Xinhua)