Media
(တရုတ်စီးပွားရေး စားပွဲဝိုင်းဆွေးနွေးပွဲ) တရုတ်နိုင်ငံက စီစဉ်ထားသော ၂၀၂၅ ခုနှစ် စီးပွားရေးလမ်းပြမြေပုံအဖြစ် အဓိကအကြောင်းအရာ ၆ ရပ်ကို လေ့လာခြင်း
ပေကျင်း၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် မကြာမီက ကျင်းပခဲ့သော ဗဟိုစီးပွားရေးလုပ်ငန်းကွန်ဖရင့်က ၂၀၂၅ ခုနှစ်အတွက် အဓိကလုပ်ငန်းတာဝန်များ မူကြမ်းထွက်ရှိလာခဲ့ပြီး လာမည့်နှစ်အတွက် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ၏ စီးပွားရေးစီမံချက် ဦးတည်ချက်လားရာနှင့် ဦးစားပေးအရာများကို အတွင်းကျကျလေ့လာဖော်ပြလျက်ရှိကြောင်း သိရသည်။
လေ့လာဆန်းစစ်သူများက အဆိုပါ အစည်းအဝေးမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်သော မက်ခရိုမူဝါဒများ ပိုမိုပြဋ္ဌာန်းခြင်း၊ ပြည်တွင်းဝယ်လိုအားမြှင့်တင်ရေး စီမံဆောင်ရွက်မှုများနှင့် အိမ်ခြံမြေဈေးကွက် တည်ငြိမ်မှုရှိစေရန် ကြိုးပမ်းဆောင်ရွက်ခြင်း စသည်တို့အပါအဝင် မူဝါဒကြေညာချက် အမြောက်အမြား ထွက်ပေါ်လာမည်ဟု ယုံကြည်ထားကြသလို ယင်းတို့က စီးပွားရေးတိုးတက်မှု တည်ငြိမ်မှုကို ပံ့ပိုးရေး၊ အလုပ်အကိုင်များနှင့် စားသုံးသူဈေးနှုန်းများ ကာကွယ်ထိန်းသိမ်းရေး၊ ပြည်သူများ၏ ဝင်ငွေကို တိုးမြှင့်ပေးရေးနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအား တရုတ်နိုင်ငံ၏ ဆွဲဆောင်မှု မြှင့်တင်ရေး စသည်တို့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
#ChinaEconomicRoundtable #2025 #EconomicRoadmap #CentralEconomicWorkConference #တရုတ်စီးပွားရေးစားပွဲဝိုင်းဆွေးနွေးပွဲ #၂၀၂၅ခုနှစ် #စီးပွားရေးလမ်းပြမြေပုံ #ဗဟိုစီးပွားရေးလုပ်ငန်းကွန်ဖရင့်
……………………………………..
(English Version)
(China Economic Roundtable) Xinhua Headlines: Six key points to watch as China plans its 2025 economic roadmap
BEIJING, Dec. 19 (Xinhua) — China’s recently held Central Economic Work Conference has outlined major tasks for 2025, offering insights into the direction and priorities of economic planning for the world’s second-largest economy for next year.
Analysts believe the multipronged policy announcements from the meeting — including the adoption of more proactive macro policies, measures to boost domestic demand and efforts to stabilize the property market — will support stable economic growth, safeguard jobs and consumer prices, boost people’s income, and enhance China’s appeal to foreign investors.