Connect with us

Politics, Law & Military

စစ်တွေမြို့တွင် ဗုံးလေးလုံးပေါက်ကွဲ ပြီးမပေါက်ကွဲသော ဗုံး သုံးလုံး တွေ့ရှိ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၌ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက်အစောပိုင်းတွင် ဗုံးလေးလုံးပေါက်ကွဲပြီး မပေါက်ကွဲသေးသော ဗုံးသုံးလုံး ထပ်မံတွေ့ရှိကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ရဲတပ်သားတစ်ဦးနှင့် ဆရာဝန်တစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး နေအိမ်ခြံအတွင်း ဗုံး၁လုံး၊ တရားရုံးအနီး ၁လုံး၊ မြေစာရင်းရုံးရှေ့ ၁လုံးနှင့် ကမ်းနားလမ်း ၁လုံး ပေါက်ကွဲခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့်အပျက်အစီးအနည်းငယ်ရှိကြောင်း စစ်တွေမြို့ရှိ ရဲအရာရှိတစ်ဦးက ပြောကြားသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117