Connect with us

North America

ထရမ့်က “စီးပွားရေးအင်အား” သုံးပြီး ကနေဒါကို အမေရိကန်နိုင်ငံထဲထည့်သွင်းမည်ဟု ဆို၊ ထို့အပေါ် ထရူးဒိုး ပြန်လည်ချေပ

အော့တဝါ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
အမေရိကန် ရွေးကောက်ခံသမ္မတ ထရမ့်က “စီးပွားရေးအင်အား” သုံးပြီး ကနေဒါကို အမေရိကန်နိုင်ငံထဲထည့်သွင်းမည့် ပြောဆိုချက်ကို ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ထရူးဒိုးက ဇန်နဝါရီ ၇ ရက်တွင် ပြန်လည်ချေပခဲ့သည်။
ထရူးဒိုးက “ကနေဒါအနေဖြင့် အမေရိကန်နိုင်ငံ တစ်စိတ်တစ်ပိုင်း ဖြစ်ရန် မဖြစ်နိုင်ကြောင်း”၊ နှစ်နိုင်ငံ လုပ်သားများနှင့် လူမှုအသိုင်းအဝိုင်းသည် “အပြန်အလှန်၏ အကြီးဆုံး ကုန်သွယ်မှုနှင့် လုံခြုံရေး မိတ်ဖက်များ ဖြစ်ကြသည်” ဟု လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။
ထရမ့်က ထို့နေ့တွင်ပင် ၎င်းအနေဖြင့် “စီးပွားရေးအင်အား” သုံးပြီး ကနေဒါကို ဝယ်ယူရန် ပွင့်လင်းသော သဘောထားရှိကြောင်း ဖလော်ရီဒါပြည်နယ် Mar-a-aLago ၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
特朗普要用“经济力量”将加拿大并入美国 特鲁多驳斥
新华社渥太华1月7日电(记者林威)加拿大总理贾斯廷·特鲁多7日驳斥了美国候任总统特朗普使用“经济力量”将加拿大并入美国的说法。
特鲁多在社交媒体上表示,“加拿大没有可能成为美国一部分”,两国的工人和社区都受益于“彼此是最大的贸易和安全伙伴”。
特朗普同日在美国佛罗里达州海湖庄园举行的新闻发布会上说,他对使用“经济力量”收购加拿大持开放态度。(完)
图说:社交媒体X网页截图