Asia
အိန္ဒိယနိုင်ငံရှိ ရေမြောင်းအတွင်း ထရပ်ကား ပြုတ်ကျမှုကြောင့် လူ ၂၅ ဦးသေဆုံး
နယူးဒေလီ၊ မတ် ၆ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် မတ်လ ၆ ရက်က မင်္ဂလာဆောင် သွားမည့်သူများအား တင်ဆောင်လာသည့် ထရပ်ကားတစ်စီးသည် ရေနုတ်မြောင်းအတွင်းသို့ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၂၅ ဦး သေဆုံးသွားကြောင်း News18 တီဗီချန်နယ်၌ ဖော်ပြထားသည်။
အဆိုပါ ဖြစ်ရပ်သည် ဂူဂျာရတ်ပြည်နယ် Bhavnagar နယ်မြေ၊ Rajkot-Bhavnagar ပြည်နယ် အဝေးပြေးလမ်းမကြီးပေါ်ရှိ ရန်ဟိုလာကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည်။
ဒဏ်ရာရသူများအား ဒေသတွင်း ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဘေးအန္တရာယ်လျော့ပါးရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။
အခင်းဖြစ်ပွားသည့် နေရာသို့ အဆင့်မြင့်ရဲအရာရှိများက ချက်ချင်းသွားရောက်ခဲ့ကြောင်း၊ အခြား အသေးစိတ်အချက်အလက်များအား စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ရုပ်မြင်သံကြား သတင်းအရ သိရသည်။ (Xinhua)