Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် လူ့အသိုင်းအဝိုင်းပဋိပက္ခများဖြစ်ပွားပြီးနောက် အရေးပေါ်အခြေအနေ ၁၀ရက် ကြေညာ

သီရိလင်္ကာနိုင်ငံ ကန်ဒီမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအားတွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ မတ် ၇ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisena က သီရိလင်္ကာနိုင်ငံ အလယ်ပိုင်း ကန်ဒီမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နိုင်ငံကို အရေးပေါ်အခြေအနေ ၁၀ရက် ကြေညာ ရန် မတ် ၆ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မတ် ၆ရက် နံနက်ပိုင်းတွင် အထူးအစိုးရအစည်းအဝေး ပြုလုပ်ပြီးနောက် ယင်းဆုံးဖြတ်ချက်အား ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားဆွေးနွေးညှိနှိုင်းမှု ဝန်ကြီး Mano Ganeshan က ဆင်ဟွာသို့ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံတွင် လူမျိုးရေးအဓိကရုဏ်းများ မြင့်တက်လာပြီး မတ်လ ၅ရက်တွင် သွေးဆူနေသော လူအုပ်ကြီးသည် နေအိမ်များ နှင့် စီးပွားရေးလုပ်ငန်းများကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ကန်ဒီမြို့၏ နေရာအများအပြားတွင် ညမထွက်ရအမိန့်အား သီရိလင်္ကာရဲတပ်ဖွဲ့က မတ် ၆ရက်တွင် ထပ်မံထုတ်ပြန်ခဲ့သည်။

သီရိလင်္ကာအစိုးရ က ကန်ဒီမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအား ပြစ်တင်ရှုတ်ချခဲ့ပြီး လူမျိုးရေးပဋိပက္ခဖြစ်ရန် လှုံ့ဆော်သူများကို ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ သတိပေးခဲ့သည်။

အစိုးရက လူမှုကွန်ရက်ပေါ်တွင် လူမှုအသိုင်းအဝိုင်းအကြား မငြိမ်သက်မှုများဖြစ်ပေါ်စေရန် နှင့် အကြမ်းဖက်မှုကို လှုံ့ဆော်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့သော အမုန်းတရား နှင့် သတင်းအမှားများ ဖြန့်ဝေလှုံ့ဆော်မှုများကိုလည်း ပြစ်တင်ရှုတ်ချခဲ့သည်။

ကန်ဒီမြို့၌ မတ် ၅ရက်တွင် သွေးဆူနေသော လူအုပ်ကြီးသည် လမ်းမများပေါ်တွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် နေအိမ်များနှင့် ဆိုင်များကို မီးရှို့ဖျက်ဆီးကာ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.