Europe
“လုံခြုံရေးအခြေအနေအပြောင်းအလဲများကို တုံ့ပြန်ရန်” ဂျာမနီနိုင်ငံက ယခုနှစ်တွင် တပ်ဖွဲ့အသစ် ဖွဲ့စည်း
ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)
ဂျာမနီနိုင်ငံသည် ယခုနှစ်တွင် ပြည်တွင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခု စတင်ဖွဲ့စည်းတည်ထောင်ရန် စီစဉ်ထားကြောင်း၊ လူအရေအတွက်မှာ သောင်းနှင့်ချီရှိနိုင်ပြီး “လုံခြုံရေးအခြေအနေအပြောင်းအလဲများကို တုံ့ပြန်ရန်” ဖြစ်ကြောင်း ဂျာမနီမီဒီယာများက သတင်းထုတ်ပြန်ထားသည်။အသစ်ဖွဲ့စည်းတည်ထောင်ထားသော ပြည်တွင်းကာကွယ်ရေးတပ်ဖွဲ့သည် ကြည်းတပ်ကွပ်ကဲမှုအောက်တွင် ရှိမည်ဖြစ်ပြီး စစ်မှုထမ်းမည့် အရန်တပ်သားများနှင့် လက်ရှိစစ်မှုထမ်းနေသည့် တပ်သားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ယခုနှစ် မတ်လတွင် စတင် ဖွဲ့စည်းတည်ဆောက်ရန် စီစဉ်ထားကာ ကနဦးကာလတွင် လူပေါင်း ၆,၀၀၀ ခန့်ရှိမည်ဖြစ်ပြီး နောက်ပိုင်းတွင် တိုးချဲ့သွားမည်ဖြစ်ကြောင်း ဒီပီဒေ သတင်းဌာနက Bundeswehr တပ်မတော်ပြောရေးဆိုခွင့်ရှိသူ၏ စကားကို ကိုးကား၍ သတင်းထုတ်ပြန်ခဲ့သည်။ တပ်မတော်အနေဖြင့် ဤတပ်ဖွဲ့၏ လူဦးရေသည် နောက်ဆုံးတွင် သောင်းနှင့်ချီအထိ တိုးမြင့်လာမည်ဟု စဉ်းစားထားကြောင်း သိရသည်။
ဂျာမနီနိုင်ငံ ကာကွယ်ရေးဝန်ကြီး Boris Pistorius ၏ ညွှန်ကြားချက်အရ Bundeswehr တပ်မတော်ကို လွန်ခဲ့သည့်နှစ်က စတင်၍ ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဂျာမနီနိုင်ငံသည် ခုခံကာကွယ်စစ်ကို အနိုင်ရရှိရန် လုံခြုံရေးအခြေအနေအသစ်နှင့် လိုက်လျောညီထွေမှုရှိရမည်ဟု Pistorius က ယူဆသည်။
မှန်းဆကြည့်ချက်အရ Bundeswehr တပ်မတော်၏ လက်ရှိ တပ်ဖွဲ့ကို နေတိုး၏ စုစုပေါင်း အမိန့်အရ ပြင်ပ နေတိုး အဖွဲ့ဝင်နိုင်ငံများဖြစ်သော ပိုလန်၊ လစ်သူယေးနီးယား၊ အက်စတိုးနီးယားတို့တွင် ဖြန့်ကြက်လိုက်ပါက ပြည်တွင်းကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အဟန့်အတား သို့မဟုတ် လက်တွေ့ တိုက်ပွဲဝင်ရန် ဂျာမနီနိုင်ငံ၌ ကျန်နေခဲ့ပြီး ခုခံကာကွယ်ရမည်ဖြစ်ကြောင်း၊ ဤတပ်ဖွဲ့၏ တာဝန်တွင် ဆိပ်ကမ်း၊ မီးရထားလမ်း၊ လမ်းမကြီး၊ တံတား၊ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း၊ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ စသည်တို့ကို ကာကွယ်ရန် ပါဝင်ကြောင်း၊ ငြိမ်းချမ်းသည့်ကာလတွင် ဤတပ်ဖွဲ့ကို အရေးပေါ်အခြေအနေများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ကပ်ရောဂါပြန့်ပွားမှု အခြေအနေများကိုတုံ့ပြန်ရန် တာဝန်ထမ်းဆောင်ရနိုင်ကြောင်း သိရသည်။
Bundeswehr တပ်မတော်သည် ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ဆေးဝါးကုသရေး စသည့် အထောက်အပံ့ထောက်ပံ့ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားပြီး အရပ်သားဝန်ထမ်းများအပါအဝင် စုစုပေါင်း ၂၆၀,၀၀၀ ကျော်ရှိရာ ၎င်းအနက် ကြည်းတပ်တွင် တပ်မ ၃ သုံးခုရှိပြီး တပ်မတစ်ခုချင်းစီ၌ လူ ၂၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။ (Xinhua)
#Germany #NewMilitaryUnit #SecuritySituation #Bundeswehr #ဂျာမနီ #ပြည်တွင်းကာကွယ်ရေးတပ်ဖွဲ့ #လုံခြုံရေး
………………………….
(Chinese Version)
德国今年组建新部队以“应对安全形势变化”
新华社北京1月12日电 德国媒体报道,德国计划今年开始组建一支国土防卫部队,人数可能达到数万,以“应对安全形势变化”。
德新社11日援引德国联邦国防军陆军发言人的话报道,新组建的国土防卫部队归陆军指挥,由预备役和现役军人组成,计划今年3月开始组建,初期大约6000人,以后将扩充。军方考虑将这支部队人数最终提升至数万人。
依照国防部长鲍里斯·皮斯托里乌斯的命令,德国联邦国防军去年进行重组。皮斯托里乌斯认为,德国必须适应新的安全形势,能够打赢一场防御战争。
按照设想,一旦德国联邦国防军现有部队按照北约统一指挥部署至北约外沿成员国,如波兰、立陶宛或爱沙尼亚,作为威慑或投入实战,国土防卫部队将留在德国防守。这支部队的任务包括保卫港口、铁路、公路、桥梁、油气管道和数字基础设施等。和平时期,这支部队还可用于应对突发事件、恐怖袭击和疫情。
德国联邦国防军由陆军、海军、空军,以及医疗等支持保障部队组成,包括文职人员在内共计超过26万人。其中,陆军有三个师,每个师大约两万人。(惠晓霜)
图说1:2019年8月18日,在德国首都柏林,两名德国联邦国防军成员向参观者介绍武器装备。新华社记者单宇琦摄
图说2:2023年10月6日,德国柏林勃兰登堡门被灯光点亮。新华社记者任鹏飞摄