Connect with us

Asia

နယ်စပ်ဖြတ်ကျော် မှုခင်းများကို ပြတ်ပြတ်သားသား တိုက်ဖျက်ပြီး ခရီးသွားများ၏လုံခြုံရေးကို ထိရောက်စွာ ကာကွယ်သွားမည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းရဲတပ်ဖွဲ့ဌာနချုပ်တံခါးမကြီးအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံသက်ဆိုင်ရာဌာနများ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး နယ်စပ်ဖြတ်ကျော် မှုခင်းများအား ပြတ်ပြတ်သားသား တိုက်ဖျက်ကာ ခရီးသွားများ၏လုံခြုံရေးကို ထိရောက်စွာ ကာကွယ်သွားရန် ညွှန်ကြားထားကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုံတန်က ဇန်နဝါရီ ၁၇ ရက် လူမှုကွန်ရက်စာမျက်နှာတွင် စာဖြင့်ရေးသား ဖော်ပြခဲ့သည်။

ယင်းနေ့နံနက်ပိုင်းတွင် ပေထုံတန်က ထိုင်းရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ခရီးသွားနှင့် အားကစား ဝန်ကြီးဌာန စသည့် သက်ဆိုင်ရာဌာနများအား အစည်းအဝေးခေါ်ယူ၍ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များ၏ ယုံကြည်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီ ပထမလဝက်တွင် ထိုင်းနိုင်ငံ၏ နေ့စဉ်ပျမ်းမျှ တရုတ်ခရီးသွားဧည့်သည် ခရီးသွားလာမှုအကြိမ်ရေသည် ယမန်နှစ် ဒီဇင်ဘာလနှင့်နှိုင်းယှဉ်ပါက လျော့နည်းခြင်း မရှိကြောင်း အစည်းအဝေးက ထောက်ပြခဲ့သည်။ သို့သော် ယုံကြည်မှု တစ်ဆင့်တိုး မြှင့်တင်ရန်အတွက် ပေထုံတန်က သက်ဆိုင်ရာဌာနများကို ထိုင်းခရီးသွားလုံခြုံမှုအား အများသိရှိစေရေး အားဖြည့်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။ ၎င်းကိုယ်တိုင် တရုတ်စာတန်းထိုးပါသော ဗီဒီယိုရိုက်ကူး၍ ခရီးသွားများထံသို့ လုံခြုံသည့်သတင်းစကားပါးရန် စီစဉ်ထားသေးကြောင်း သိရသည်။

ထို့အပြင် ထိုင်းခရီးသွားလုံခြုံရေးပုံရိပ်အား ထိခိုက်သည့် ပြဿနာကို အရှိန်မြှင့် ဖြေရှင်းပြီး ခရီးသွားယုံကြည်မှု ဘက်စုံ မြှင့်တင်ရန် ပေထုံတန်က သက်ဆိုင်ရာဌာနအသီသီးအား ဇန်နဝါရီ ၁၃ ရက် အစိုးရအဖွဲ့အစည်းအဝေးတွင် တောင်းဆိုခဲ့သည်။ ရဲအင်အားအပြည့် ဖြန့်ကြက်ပြီး ခရီးသွားများ၏လုံခြုံရေးကို ကာကွယ်မည်ဖြစ်ပြီး ခရီးသွားလုံခြုံရေးပညာပေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု အစည်းအဝေးတွင် အဆိုပြုခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………….
(Chinese Version)
泰国总理:坚决打击跨境犯罪 切实保障游客安全
新华社曼谷1月17日电(记者陈倩慈 任芊)泰国总理佩通坦17日在社交媒体上发文,要求泰国相关部门紧密合作,坚决打击跨境犯罪,切实保障游客安全。   当天上午,佩通坦召集泰国国家警察总署、外交部、旅游与体育部等相关部门举行会议,商讨如何提振赴泰游客信心。会议指出,今年1月上半月泰国日均接待中国游客人次与去年12月相比并未下降。但为了进一步提振信心,佩通坦指示相关部门加强宣传,展现泰国旅游的安全性。她还计划亲自录制带有中文字幕的视频,向游客传递安全信息。
此外,佩通坦13日在内阁会议上要求各相关部门加快解决影响泰国旅游安全形象的问题,全面提升游客信心。会议提出,将部署充足警力保障游客安全,并加强旅游安全宣传。(完)
1. 这是1月9日在泰国曼谷拍摄的泰国国家警察总署大门。新华社记者 孙玮彤 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.