Connect with us

North America

လေယာဉ်ပျက်ကျမှုက ဝါရှင်တန်၏ လေကြောင်းပို့ဆောင်ရေးကျပ်တည်းမှု ပြဿနာကို မီးမောင်းထိုးပြနေ

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ ရေဂင်အမျိုးသားလေဆိပ် အနီးတစ်ဝိုက်တွင် အရေးပေါ်ကယ်ဆယ်ရေးယာဉ်များက ခရီးသည်တင်လေယာဉ် မြစ်ထဲပျက်ကျသော အခင်းဖြစ်ရာနေရာ၌ အသင့်စောင့်ဆိုင်းနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

အမေရိကန် ခရီးသည်တင်လေယာဉ်တစ်စင်းနှင့် စစ်ရဟတ်ယာဉ်တစ်စင်းတို့သည် ဇန်နဝါရီ ၂၉ ရက် ညပိုင်းတွင် တိုက်မိပြီး မြစ်ထဲသို့ပျက်ကျခဲ့သည်။ အဆိုပါလေယာဉ်ပျက်ကျမှုသည် အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်နှင့် အနီးတစ်ဝိုက်ဒေသများ လေကြောင်းပို့ဆောင်ရေးကျပ်တည်းမှု ပြဿနာကို မီးမောင်းထိုးပြနေကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။
အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ဇန်နဝါရီ ၂၉ ရက် ည ၉ နာရီခန့်တွင် အမေရိကန် Pacific Southwest လေကြောင်းလိုင်းကုမ္ပဏီ၏ Bombardier CRJ700 ခရီးသည်တင် ဂျက်လေယာဉ် တစ်စင်းသည် ဝါရှင်တန်မြို့ ရေဂင်အမျိုးသားလေဆိပ်၌ ဆင်းသက်နေစဉ် စစ်ဘက်ဆိုင်ရာ “Black Hawk” ရဟတ်ယာဉ်တစ်စင်းနှင့် တိုက်မိပြီး မြစ်ထဲပျက်ကျခဲ့သည်။ ခရီးသည်တင်လေယာဉ်ပေါ်တွင် လူ ၆၄ ဦး လိုက်ပါပြီး စစ်ရဟတ်ယာဉ်တွင်မူ လူ ၃ ဦး လိုက်ပါသွားကြောင်း သိရသည်။ အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဇန်နဝါရီ ၃၀ ရက်တွင် အိမ်ဖြူတော်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ယခုအကြိမ် မတော်တဆဖြစ်မှု၌ အသက်ရှင်ကျန်ရစ်သူမရှိကြောင်း ပြောကြားခဲ့သည်။
ရေဂင်အမျိုးသားလေဆိပ်၏ ပြေးလမ်းအရှည်သည် အတန်အသင့်တိုပြီး အတက်အဆင်းလေယာဉ် ၉၀ ရာခိုင်နှုန်းကျော်မှာ အရှည်ဆုံး အဓိကပြေးလမ်းတစ်ခုတည်းပေါ်တွင် အတက်အဆင်း ပြုလုပ်လေ့ရှိကြောင်း၊ ထို့ကြောင့် အဆိုပါလေယာဉ်ပြေးလမ်းသည် အမေရိကန်၏ အလုပ်အများဆုံး ပြေးလမ်းများအနက် တစ်ခုဖြစ်သည်ဟုဆိုနိုင်ကာ နေ့ဘက် မိနစ်တိုင်းနီးပါးတွင် လေယာဉ်အတက်အဆင်း ပြုလုပ်မှုရှိသည်ဟု ရိုက်တာက ဇန်နဝါရီ ၃၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါလေဆိပ်၏ လေပိုင်နက်တွင် အရပ်ဘက်လေကြောင်းများသာမက စစ်ရဟတ်ယာဉ်များလည်း “မကြာခဏအသုံးပြု” လေ့ရှိသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၃ နှစ်တာ ကာလအတွင်း ရေဂင်အမျိုးသားလေဆိပ် အထက်ဝေဟင် အချင်းဝက် ၄၈ ကီလိုမီတာရှိသည့် လေပိုင်နက်တွင် ရဟတ်ယာဉ်ပျံသန်းမှု အကြိမ်ရေစုစုပေါင်း ၈၈,၀၀၀ ရှိပြီး ၎င်းအနက် ပျံသန်းမှုအကြိမ်ရေ ၃၃,၀၀၀ မှာ စစ်လေယာဉ်များဖြစ်သည်ဟု အမေရိကန်အစိုးရလုပ်ငန်းများ တာဝန်ခံမှုဆိုင်ရာရုံး (GAO) ၏ ၂၀၂၁ ခုနှစ်က ထုတ်ပြန်သည့် အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။
အရပ်ဘက်လေယာဉ်နှင့် စစ်လေယာဉ် ပျံသန်းသည့် လေပိုင်နက် တတ်နိုင်သမျှ တစ်ထပ်တည်းမဖြစ်စေရန် အမေရိကန်နိုင်ငံ လေကြောင်းအုပ်ချုပ်ရေးဌာန (FAA) က “လိုအပ်သည့်အချိန်တွင်” လေယာဉ်ပျံသန်းမှုလမ်းကြောင်းကို ပြင်ဆင်သွားမည်ဟု အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး Sean Duffy က ဇန်နဝါရီ ၃၀ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

လတ်တလောကာလအတွင်း ရေဂင်အမျိုးသားလေဆိပ်၌ လေယာဉ်များ ဝင်တိုက်လုနီးပါးဖြစ်ခဲ့သည့် အန္တရာယ်အခြေအနေ အကြိမ်များစွာဖြစ်ခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ဧပြီလတွင် အမေရိကန် Southwest လေကြောင်းလိုင်းကုမ္ပဏီ၏ ခရီးသည်တင်လေယာဉ်တစ်စင်းနှင့် JetBlue လေကြောင်းလိုင်းကုမ္ပဏီ၏ ခရီးသည်တင်လေယာဉ်တစ်စင်းသည် တိုက်မိလုနီးပါးဖြစ်ခဲ့သည်။ ၂၀၂၄ ခုနှစ် မေလတွင် American လေကြောင်းလိုင်းကုမ္ပဏီ၏ ခရီးသည်တင်လေယာဉ်တစ်စင်းနှင့် အသေးစားလေယာဉ်တစ်စင်းသည်လည်း တိုက်မိလုနီးပါးဖြစ်ခဲ့သည်။
အမေရိကန်လေဆိပ်ပြေးလမ်းတွင် လေယာဉ်တိုက်မိလုနီးပါးဖြစ်မှု စသည့် အန္တရာယ်ရှိ အခြေအနေများ မကြာခဏ ဖြစ်ပွားသဖြင့် အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံးရှိ အလုပ်အများဆုံး လေဆိပ် ၄၅ ခု၏ လေယာဉ်ပြေးလမ်း ဘေးကင်းလုံခြုံမှုအခြေအနေအား စိစစ်စစ်ဆေးသွားမည်ဟု FAA က ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် လေကြောင်းထိန်းချုပ်မှုဝန်ထမ်းများ လိုအပ်ခြင်းကြောင့် ဘေးကင်းလုံခြုံမှုအပေါ် သက်ရောက်မှုကို အစီရင်ခံစာများစွာတွင်လည်း သတိပေးဖော်ပြထားသည်။ အမေရိကန်၏ အဓိကလေကြောင်းပို့ဆောင်ရေး အဆောက်အအုံတွင် ဝန်ထမ်းပြတ်လပ်မှုပြဿနာ ဆိုးရွားစွာ ရင်ဆိုင်နေရကြောင်း ၂၀၂၃ ခုနှစ် ဇွန်လတွင် ထုတ်ပြန်သည့် အစီရင်ခံစာတစ်ခု၌ ဖော်ပြထားသည်။ လေဆိပ်အများအပြားတွင် လေကြောင်းထိန်းချုပ်မှုဝန်ထမ်းများက မဖြစ်မနေအချိန်ပိုဆင်းနေရပြီး တစ်ပတ်လျှင် ၆ ရက် အလုပ်လုပ်ရကြောင်း၊ ပင်ပန်းနွမ်းနယ်စွာ အလုပ်လုပ်ရမှုသည် လေကြောင်းသယ်ယူပို့ဆောင်ရေးအတွက် အန္တရာယ်ဖြစ်စေသည်ဟု အစီရင်ခံစာက ဆိုထားသည်။ (Xinhua)

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ ရေဂင်အမျိုးသားလေဆိပ်တွင် စတင်ပျံသန်းရန် ပြင်ဆင်နေသည့် American လေကြောင်းလိုင်းကုမ္ပဏီ လေယာဉ်တစ်စင်းအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(Chinese Version)
空难凸显华盛顿空中交通拥堵问题
新华社北京1月31日电
美国一架客机与一架军用直升机29日晚相撞后坠河。观察人士说,这起空难凸显美国首都华盛顿及周边地区空中交通拥堵问题。
美国东部时间29日晚9时许,美国太平洋西南航空公司一架庞巴迪CRJ700支线喷气式客机在华盛顿里根国家机场降落过程中,与一架军方“黑鹰”直升机相撞后坠河。客机上共64人,军用直升机上有3人。美国总统特朗普30日在白宫举行的新闻发布会上说,此次事故中没有幸存者。
据路透社30日报道,里根国家机场的跑道长度较短,超过90%的进出港航班都在最长的一条主跑道上起降,因此这条跑道堪称美国最繁忙的跑道之一,在白天时段几乎每分钟都有飞机起降。
这座机场的飞行空域不仅供民航使用,军用直升机也是“常客”。美国政府问责局2021年所作一份报告显示,2016年至2019年三年间,共有8.8万架次直升机飞过里根国家机场上空半径48公里的空域,其中3.3万架次为军机。
美国交通部长肖恩·达菲30日在记者会上说,联邦航空局将“在必要时”采取行动修改航线,以确保民用飞机和军机飞行的空域尽量不重叠。
里根国家机场近期发生过多次飞机差点相撞的险情。2024年4月,美国西南航空公司一架客机与捷蓝航空公司一架客机差点相撞。2024年5月,美国航空公司一架客机与一架小型飞机险些相撞。
联邦航空局2024年10月宣布,鉴于美国机场跑道上频繁出现飞机差点相撞等险情,对全美45个最繁忙机场的跑道安全状况进行审查。
此外,多份报告就空管员短缺的安全影响提出警告。2023年6月发布的一份报告显示,美国关键空中交通设施面临严重人手不足问题。报告说,在许多机场,空管员被迫加班,每周工作6天,疲劳工作给空中交通运转带来风险。(王宏彬)
图说1:1月30日凌晨,在美国华盛顿里根国家机场,应急车辆在客机坠河事故现场待命。新华社记者胡友松摄
图说2:2024年12月24日,一架美国航空公司飞机在华盛顿里根国家机场准备起飞。新华社记者胡友松摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.