Connect with us

Europe

ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ် နိုင်ငံများအား အမေရိကန်က စည်းကြပ်ခွန်ထပ်တိုးကောက်ခံခြင်းအပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဥရောပသမဂ္ဂပြောကြား

ပြင်သစ်နိုင်ငံ စထရက်စ်ဘာ့ဂ်မြို့၌ ကျင်းပသော ဥရောပလွှတ်တော် ဆန္ဒမဲပေးနေသည့် မြင်ကွင်းအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ် နိုင်ငံများအား အမေရိကန်က စည်းကြပ်ခွန်ထပ်တိုးကောက်ခံသည့် ဆုံးဖြတ်ချက်အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူကဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။ စည်းကြပ်ခွန်များက မလိုအပ်သည့် စီးပွားရေးကယောက်ကယက်ဖြစ်မှုနှင့် ငွေကြေးဖောင်းပွမှုကို တွန်းအားဖြစ်စေကြောင်း၊ ယင်းမှာ ဘက်ပေါင်းစုံအတွက် အကျိုးယုတ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဈေးကွက် တံခါးဖွင့်လှစ်ခြင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးစည်းမျဉ်းစည်းကမ်းများကို လေးစားခြင်းသည် အားကောင်းပြီး စဉ်ဆက်မပြတ်ဖြစ်သော စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်ရာတွင် အလွန်အရေးကြီးကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့် လျော့နည်းသည့်စည်းကြပ်ခွန်ဖြင့် တိုးတက်အောင် မြှင့်တင်ခြင်းနှင့် စီးပွားရေးတည်ငြိမ်အောင် ဆောင်ရွက်ခြင်းကို အားထားဆောင်ရွက်လျက်ရှိသလို အားကောင်းပြီး စည်းမျဉ်းစည်းကမ်းကို အခြေခံသည့် ကုန်သွယ်ရေးစနစ်အား ထိန်းသိမ်းကာကွယ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လက်ရှိ ဥရောပသမဂ္ဂထုတ်ကုန်တွေအပေါ် ထပ်ဆောင်းစည်းကြပ်ခွန်နဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘာမှ မသိရသေးပါဘူး”၊ ဥရောပသမဂ္ဂအနေဖြင့် ဥရောပသမဂ္ဂ ကုန်ပစ္စည်းများအပေါ် တရားမျှတမှုမရှိသည့် သို့မဟုတ် ထင်သလို စည်းကြပ်ခွန် ထပ်တိုးကောက်ခံနေသော မည်သည့် ကုန်သွယ်ဖက်ကိုမဆို “ပြတ်ပြတ်သားသား တုံ့ပြန်” သွားမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ထိုမတိုင်မီက အမေရိကန် သမ္မတ ထရမ့်သည် အမေရိကန်သို့ တင်ပို့သည့် ဥရောပသမဂ္ဂ ကုန်ပစ္စည်းများကို စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမည်ဟု ကြိမ်ဖန်များစွာ ခြိမ်းခြောက်ခဲ့သည်။ အကယ်၍ အမေရိကန်တွင် ထုတ်လုပ်သည့် ကုန်ပစ္စည်းများ မဟုတ်ပါက “ကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီးသာမက ထရီလီယံနဲ့ချီ” သည့် စည်းကြပ်ခွန်များနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း မကြာသေးမီရက်များတွင် ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(Chinese Version)
欧盟对美国向加拿大、墨西哥和中国加征关税表示遗憾
新华社布鲁塞尔2月2日电(记者康逸 周玥)欧盟委员会发言人2日说,欧盟对美国决定对进口自加拿大、墨西哥和中国的商品加征关税表示遗憾。关税会造成不必要的经济混乱并推动通货膨胀,这对各方都是有害的。
发言人表示,开放市场和尊重国际贸易规则对于实现强劲和可持续的经济增长至关重要。欧盟仍然致力于通过低关税促进增长和经济稳定,并维护一个强有力的、基于规则的贸易体系。
发言人说,“目前我们尚未获悉任何针对欧盟产品的额外关税”,欧盟将“坚决回应”任何对欧盟商品不公平或任意加征关税的贸易伙伴。
美国总统特朗普此前多次威胁对欧盟出口美国的商品加征关税。他近日说,如果不在美国生产产品,就将面临“数千亿美元甚至数万亿美元”关税。(完)
1. 这是2024年11月27日在法国斯特拉斯堡拍摄的欧洲议会投票现场。新华社记者 赵丁喆 摄