Connect with us

Myanmar

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

– MNL-2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲ ကျင်းပမည် (၄.၂.၂၀၂၅ – MOI)
– တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် တရားမဝင်ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ဖမ်းဆီးရမိ (၄.၂.၂၀၂၅ – MOI)
-(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုဆုတံဆိပ်များ ရရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ (၄.၂.၂၀၂၅ – MOI)
-မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်းကာ မော်လမြိုင်မြို့တွင် Road Safety Education Training ကို နှစ်ရက်တာပြုလုပ်ခဲ့ (၄.၂.၂၀၂၅ – MOI)
– ကျောက်တံခါးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား အမျိုးသမီးတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ (၄.၂.၂၀၂၅ – MOI)
– မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ ကျင်းပ (၄.၂.၂၀၂၅ – MRTV)
– ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို (၁၀-၂-၂၀၂၅ မှ ၁၄-၂-၂၀၂၅ အထိ) ကျင်းပမည် (၄.၂.၂၀၂၅ – MRTV)
– အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ကလေးများနေ့အကြိုလှုပ်ရှားမှုအစီအစဉ်အဖြစ် ကလေးစာကြည့်တိုက်လှုပ်ရှားမှုနှင့် ဓာတ်ပုံပြပွဲ ကျင်းပမည် (၄.၂.၂၀၂၅ – MRTV)
– ၂၀၂၄ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် မြန်မာ့အကယ်ဒမီဖက်ရှင်ဆုများကို ထည့်သွင်းချီးမြှင့်သွားမည်ဖြစ် (၄.၂.၂၀၂၅ – MRTV)
– ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးနှင့် စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အလေးထားဆောင်ရွက် (၄.၂.၂၀၂၅ – MOI)
– တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် (၃.၂.၂၀၂၅ – MOI)
– မွန်ပြည်နယ်၊ မုဒုံမြိုတွင် တီဘီရောဂါတိုက်ဖျက်ရေး နယ်လှည့် ရှာဖွေကုသခြင်း လုပ်ငန်းများဆောင်ရွက် (၄.၂.၂၀၂၅ – MRTV)
– စစ်ကိုင်းမြို့နယ်၌ ဆောင်းနေကြာ ၃၁,၃၃၇ ဧက ရာနှုန်းပြည့် စိုက်ပျိုးပြီးစီး (၄.၂.၂၀၂၅ – မြန်မာ့အလင်း)
– အင်းစိန်မြို့နယ်၌ ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား၍ အိမ်ခုနစ်လုံး မီးလောင်ဆုံးရှုံး (၄.၂.၂၀၂၅ – မြန်မာ့အလင်း)
– ဂျပန်ကုမ္ပဏီ ၄၅၀ ကျော်က မြန်မာလုပ်သား ၁,၅၀၀ ခန့် ခေါ်ယူမည် (၄.၂.၂၀၂၅ – မြန်မာ့အလင်း)