Connect with us

Africa & Middle East

အမေရိကန်က အစ္စရေးအပေါ် စစ်ရေးကူညီမှုများ တစ်ဆင့်ချင်း အဆုံးသတ်သင့်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ပြောကြားဟု အမေရိကန်မီဒီယာ ဖော်ပြ

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့် (ဝဲဘက်) က ခရီးစဉ်လာရောက်သည့် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုအား ကြိုဆိုနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ မေ ၁၂ ရက် (ဆင်ဟွာ)
အမေရိကန်က အစ္စရေးအပေါ် စစ်ရေးကူညီမှုများ တစ်ဆင့်ချင်း အဆုံးသတ်သင့်ကြောင်း အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟု ပြောကြားခဲ့သည်ဟု အမေရိကန် CBS အသံလွှင့်ဌာန မေ ၁၀ ရက် သတင်းဖော်ပြချက်အရ သိရသည်။
နေတန်ယာဟုက အဆိုပါမီဒီယာ သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ အနာဂတ် ၁၀ နှစ်တာကာလအတွင်း အမေရိကန်က အစ္စရေးအပေါ် စစ်ရေးဆိုင်ရာ ဘဏ္ဍာရေးကူညီပေးမှုများ “လုံးဝရပ်တန့်” ရန် မျှော်လင့်ကြောင်း၊ အစ္စရေးအနေဖြင့် နှစ်စဉ် အမေရိကန်ဘက်မှ ကန်ဒေါ်လာ ၃.၈ ဘီလီယံ အကူအညီ လက်ခံရရှိကြောင်း၊ အစ္စရေးနှင့် အမေရိကန် နှစ်ဦးနှစ်ဖက်က လက်ခံအသိအမှတ်ပြုသည့် အချိန်စာရင်းတစ်ခု ချမှတ်ကာ အမေရိကန်၏ စစ်ရေးအကူအညီများ လက်ခံခြင်းကို တစ်ဆင့်ချင်း အဆုံးသတ်သင့်ကြောင်း၊ ထို့ပြင် နှစ်နိုင်ငံကို “အကူအညီပေးသည့်ဆက်ဆံရေး” မှ “မိတ်ဖက်ဆက်ဆံရေး” အဖြစ်ပြောင်းလဲသင့်ကြောင်း ပြောကြားခဲ့သည်။
အနာဂတ်တွင် အစ္စရေးဘက်က သတင်းအချက်အလက်၊ လက်နက်နှင့် ဒုံးကျည်ကာကွယ်ရေး ကဏ္ဍဆိုင်ရာ “ပူးတွဲစီမံကိန်း” အချို့အဆိုပြု၍ အစ္စရေးနှင့် အမေရိကန် နှစ်ဦးနှစ်ဖက်က “ပမာဏတူညီသော အရင်းအနှီးငွေ ထည့်သွင်းကာ” “ရလဒ်များကို တရားမျှတစွာ မျှဝေသွားနိုင်” ကြောင်းလည်း နေတန်ယာဟုက ပြောကြားခဲ့သည်။
နေတန်ယာဟုက အစ္စရေးအနေဖြင့် တပ်ခွဲနှစ်ခုစာရှိသည့် အမေရိကန်ထုတ် F-35 နှင့် F-15IA တိုက်လေယာဉ်များ ဝယ်ယူလျက်ရှိကြောင်း၊ အနာဂတ် ၁၀ နှစ်တွင် အစ္စရေးသည် ကာကွယ်ရေးအသုံးစရိတ်ကို နယူးရှက်ခယ် ၃၅၀ ဘီလီယံ (ကန်ဒေါ်လာ ၁၁၉ ဘီလီယံခန့်) တိုးမြှင့်သွားမည်ဖြစ်ပြီး နိုင်ငံခြားအပေါ် မှီခိုမှုမရှိစေရန် ပြည်တွင်း၌ ကျည်ဆံများထုတ်လုပ်ခြင်းတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အစ္စရေးသည်လည်း “အစ္စရေးဘက်မှ ထုတ်လုပ်သော ထိုးဖောက်မှုရှိသည့် လေယာဉ်” ကို သုတေသနပြု ထုတ်လုပ်သွားမည်ဖြစ်ကြောင်း မေ ၃ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
美媒:以总理称应逐步结束美对以军事援助
新华社耶路撒冷5月11日电(记者庞昕熠 冯国芮)据美国哥伦比亚广播公司10日报道,以色列总理内塔尼亚胡称应逐步结束美国对以色列的军事援助。
内塔尼亚胡在接受该媒体专访时称,希望在未来十年内“完全停止”美国对以色列的军事财政援助。以色列“每年收到38亿美元”的美方援助,应制定一个以美双方认可的时间表,逐步结束接收美国的军事援助,并将两国从“援助关系”转为“伙伴关系”。
内塔尼亚胡还称,未来以色列可能发起一些如情报、武器和导弹防御方面的“联合项目”,以美双方“投入等额资金”,“公平分享成果”。
内塔尼亚胡3日表示,以色列正在采购共计两个中队的美制F-35和F-15IA战机。未来十年,以色列将向国防预算追加3500亿新谢克尔(约合1190亿美元),用于在以本土生产弹药,确保不再依赖外国。此外,以将研发“由以色列制造的突破性飞机”。(完)
图说:2025年9月29日,在美国首都华盛顿白宫,美国总统特朗普(左)迎接到访的以色列总理内塔尼亚胡。新华社记者 胡友松 摄