Connect with us

Africa & Middle East

အမေရိကန်အနေဖြင့် အီရန်အစီအစဉ်တွင် အဆိုပြုထားသော အီရန်ပြည်သူများ အခွင့်အရေး အသီးသီးကို မဖြစ်မနေလက်ခံရမည်ဟု မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် ဆို

အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် ပြည်သူများက စုဝေးပွဲ၌ ပါဝင်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်အနေဖြင့် အီရန်၏ အချက် ၁၄ ချက်ပါ အစီအစဥ်တွင် အဆိုပြုထားသော အီရန်ပြည်သူများ အခွင့်အရေး အသီးသီးကို မဖြစ်မနေလက်ခံရမည်ဟု အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်က ဒေသစံတော်ချိန် မေ ၁၂ ရက် နံနက်ပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။
ယင်းသည် လက်တွေ့ကျသည့် တစ်ခုတည်းသောလမ်းကြောင်းဖြစ်ကြောင်း၊ အဆိုပါမူဘောင်အား သွေဖည်သည့် မည်သည့်လုပ်ဆောင်ချက်မဆို လက်တွေ့ရလဒ် ရရှိရန် ခဲယဉ်းပြီး ထပ်ခါတလဲလဲ ရှုံးနိမ့်နေမည်သာဖြစ်ကြောင်း မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်က ဆိုသည်။ တစ်ချိန်တည်းတွင် ၎င်းက အမေရိကန်အစိုးရအနေဖြင့် အချိန်ပိုဆွဲလေ အမေရိကန်အခွန်ထမ်းပြည်သူများက ယင်းအတွက် ပေးဆပ်ရသည့်တန်ဖိုး ပိုမိုကြီးမားလေသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်အနေဖြင့် မေ ၁၀ ရက်တွင် ကြားဝင်စေ့စပ်ပေးသော ပါကစ္စတန်နိုင်ငံမှတစ်ဆင့် စစ်ပွဲရပ်တန့်ရေး ရည်ရွယ်သည့် အမေရိကန်၏ နောက်ဆုံးအစီအစဉ်အပေါ် တုံ့ပြန်ချက်များပေးပို့ခဲ့ရာ ၎င်းတွင် စစ်ပွဲရပ်တန့်ရေး၊ ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြား ပင်လယ်ရေကြောင်းလုံခြုံရေးကိစ္စရပ်များ အဓိက ပါဝင်ကြောင်းသိရသည်။ အမေရိကန် သမ္မတ ထရမ့်က နာရီအနည်းငယ်အကြာတွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ အီရန်ဘက်၏ တုံ့ပြန်ချက်သည် “လုံးဝလက်ခံနိုင်ဖွယ်မရှိ” ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာမီဒီယာများ သတင်းဖော်ပြချက်အရ လက်ရှိ အမေရိကန်နှင့် အီရန်ကြားတွင် အချက် ၁၄ ချက်ပါ အစီအစဉ်နှစ်ရပ်ရှိနေကြောင်းသိရသည်။ အီရန်ဘက် အချက် ၁၄ ချက်ပါ အစီအစဉ်သည် အဆင့်သုံးဆင့်ခွဲထားပြီး အကြောင်းအရာများတွင် ရက် ၃၀ အတွင်း ယာယီအပစ်ရပ်မှုမှ ဘက်စုံစစ်ပွဲရပ်တန့်ခြင်းအထိ ပြောင်းလဲရန်၊ အီရန်က ဟော်မုဇ်ရေလက်ကြား၌ စီမံခန့်ခွဲမှုယန္တရားအသစ် ထူထောင်ရန်တို့ ပါဝင်သည်။ အမေရိကန်ဘက် အချက် ၁၄ ချက်ပါ အစီအစဉ်ကမူ စာမျက်နှာတစ်ရွက်ရှိ နားလည်မှုစာချွန်လွှာဖြစ်ပြီး အဓိကအကြောင်းအရာ နှစ်ရပ်အနေဖြင့် ပထမအချက်မှာ အီရန်က ဟော်မုဇ်ရေလက်ကြားကို တံခါးဖွင့်ပေးကာ အမေရိကန်ဘက်က ပင်လယ်ပြင်ပေါ်ပိတ်ဆို့မှုများ တစ်ဆင့်ချင်းဖြေလျှော့မှု လဲလှယ်ရယူရန်ဖြစ်ပြီး ဒုတိယအချက်မှာ အီရန်က ၎င်း၏နျူကလီးယားအစီအစဉ်ကို ကန့်သတ်ခြင်းဖြင့် အမေရိကန်ဘက်က ပိတ်ဆို့အရေးယူမှုအချို့ ဖြေလျှော့မှုအား လဲလှယ်ရယူရန်ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————–
(Chinese Version)
卡利巴夫:美国必须接受伊朗方案所提伊朗人民各项权利
新华社德黑兰5月12日电(记者陈霄 沙达提)伊朗伊斯兰议会议长卡利巴夫当地时间12日凌晨在社交媒体平台发文表示,美国必须接受伊朗“14点”方案中提出的伊朗人民各项权利。
卡利巴夫称,这是唯一现实路径,任何偏离这一框架的做法都难以取得实际成果,只会一再失败。他同时表示,美国政府拖延越久,美国纳税人为此付出的代价越高。
伊朗10日经由调解方巴基斯坦正式提交对美国旨在结束战事的最新方案的回复,聚焦结束战事、波斯湾和霍尔木兹海峡航行安全。美国总统特朗普数小时后在社交媒体发文,称伊方回复“完全不可接受”。
据国际媒体报道,目前美伊之间存在两套“14点”方案。伊方“14点”方案分三阶段,内容包括30天内从临时停火转为全面止战、伊朗在霍尔木兹海峡设立新的管理机制。而美方“14点”方案是一页纸的谅解备忘录,两项核心内容一是伊朗开放霍尔木兹海峡,换取美国逐步解除海上封锁;二是伊朗限制其核计划,换取美国部分解除制裁。(完)
图说:4月29日,在伊朗首都德黑兰,民众参加游行集会。新华社记者 沙达提 摄