China
အပူချိန်ထိန်းညှိခြင်းနှင့် အက်ကွဲကြောင်းဖြစ်ပေါ်မှုကာကွယ်ရေးနည်းပညာဖြင့် တည်ဆောက်လျက်ရှိသော ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသောနေရာရှိ ရေအားလျှပ်စစ်စက်ရုံ

ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ကျင်ဆားမြစ်အထက်ပိုင်း၊ ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသောနေရာရှိ ရေအားလျှပ်စစ်စက်ရုံမှာ တည်ဆောက်နေဆဲဖြစ်သည်။ ဆောက်လုပ်ရေးအဖွဲ့က အဆိုပါ ရေအားလျှပ်စစ်စက်ရုံ၏ ကွန်ကရစ်လောင်းခြင်းလုပ်ငန်းစဉ်အတွင်း အပူချိန် ထိန်းညှိခြင်းနှင့် အက်ကွဲကြောင်းဖြစ်ပေါ်မှု ကာကွယ်ခြင်း၏ ထူးခြား၍ သိသာထင်ရှားသော အခက်အခဲကို ကျော်လွှားနိုင်ခဲ့ကြသည်။
ထို Yebatan ရေအားလျှပ်စစ်စက်ရုံသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် Baiyu ခရိုင်နှင့် ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Konjo ခရိုင်တို့ဆုံရာနေရာ၌ တည်ရှိသည်။
ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂,၉၀၀ နီးပါး အမြင့်တွင် တည်ရှိသော အဆိုပါ ရေအားလျှပ်စစ်စက်ရုံတွင် ၂၁၇ မီတာမြင့်သော အမိုးခုံးဆည်တစ်ခု ပါဝင်ကာ စုစုပေါင်း တပ်ဆင်စက်အင်အား ကီလိုဝပ်နာရီ ၂.၂၄ သန်း ရှိကြောင်း သိရသည်။
ထိုရေအားလျှပ်စစ်စက်ရုံ၏ အဓိကစီမံကိန်းတည်ဆောက်မှုကို ၂၀၁၈ ခုနှစ် စက်တင်ဘာလက စတင်ခဲ့ပြီး ပထမဆုံးယူနစ်အုပ်စုမှာ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အသုံးပြုနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
၎င်းရေအားလျှပ်စစ်စက်ရုံသည် လျှပ်စစ်ဓာတ်အား နှစ်စဉ် ကီလိုဝပ်နာရီ ၁၀.၂ ဘီလီယံ ထုတ်လုပ်နိုင်မည်ဖြစ်ကာ တစ်နှစ်လျှင် ကျောက်မီးသွေး တန်ချိန် ၄ သန်းနီးပါး သက်သာစေမည်ဖြစ်သလို ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုအနေဖြင့် တန်ချိန် ၇.၃၇ သန်း လျှော့ချနိုင်မည်ဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1nD

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ Yebatan ရေအားလျှပ်စစ်စက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင်ကို ဝေဟင်မြင်ကွင်းမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………..
(English Version)
Temperature control, crack prevention at high-altitude hydropower station
BEIJING, Feb. 23 (Xinhua) — On the upper reaches of the Jinsha River in southwest China, a high altitude hydropower station is under construction. Notably, the significant difficulty of temperature control and crack prevention during the concrete pouring process in such a cold and high-altitude area has been overcome by the construction team.
The Yebatan Hydropower Station is located at the junction of Baiyu County in southwest China’s Sichuan Province and Konjo County in Xizang Autonomous Region, which is also in the southwest of China.
With the highest elevation of nearly 2,900 meters — this hydropower station features a 217-meter-high arch dam and total installed capacity of 2.24 million kilowatts. xhtxs.cn/1nD
Photo 1: Workers operate at the construction site of Yebatan Hydropower Station in southwest China, Nov. 5, 2024. (Xinhua/Shen Bohan)
Photo 2: An aerial drone photo taken on Nov. 5, 2024 shows the construction site of Yebatan Hydropower Station in southwest China. (Xinhua/Shen Bohan)