Connect with us

Politics, Law & Military

ဖားကန့်မြို့နယ်၌ မြေစာနှင့်ကျောက်ခဲများ ပြိုကျမှုကြောင့် တစ်ဦးသေဆုံး

ဖားကန့်မြို့နယ်တွင်းရှိ မြေစာပုံအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မတ် ၂၇ ရက်နေ့တွင် မြေစာနှင့်ကျောက်ခဲများ ပြိုကျမှုကြာင့် တစ်ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဖားကန့်မြို့နယ် ဝှေခါရွာရှိ ကျောက်စိမ်းသစ်ရွက် ကျောက်မျက်ကုမ္ပဏီလုပ်ကွက်(ဘီ)အတွင်း စုပုံထားရှိသည့် အမြင့်ပေ ၂၀ ခန့်ရှိ မြေစာပုံမှ မြေစာနှင့် ကျောက်ခဲများပြိုကျလာပြီး ရေမဆေးကျောက်ရှာဖွေနေသည့် အလုပ်သမားတစ်ဦး ကျောက်ခဲများထိမှန်ဒဏ်ရာများ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူအား ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ပြီး ဖားကန့်မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၂၀/၂၀၁၈)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.