Connect with us

Politics, Law & Military

မိုးကုတ် အနှစ်ရှစ်ရာပြည့်ပွဲတော် ဖွင့်ပွဲ သို့ ပရိသတ် ခြောက်ထောင် ကျော် တက်ရောက်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မင်္ဂလာမောင်းအား သုံးချက်တီးပြီး မိုးကုတ် နှစ်ရှစ်ရာပြည့် ပွဲတော် အခမ်းအနားအား ဖွင့်လှစ်ပေးနေစဉ်(ဆင်ဟွာ)

မန္တလေး၊ မတ်လ ၂၉ရက် (ဆင်ဟွာ)

နိုင်ငံခြားသားများအား မိုးကုတ်ရတနာမြေ ဒေသသို့ ဝင်ခွင့်ရှိရေးအတွက် သမ္မတထံ ဆက်လက် တင်ပြပြီး ဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဆင်ဟွာကို ပြောကြားခဲ့သည်။

“နိုင်ငံခြားသားတွေကို မိုးကုတ်ဒေသကို ဝင်ခွင့် မပြုခဲ့တာ နှစ်ရှည်ကြာခဲ့ပါပြီ၊ အခု အနှစ် ရှစ်ရာ အထိမ်းအမှတ် ပွဲတော်ကာလအတွင်း ဝင်ခွင့်ပြုထားပါတယ်၊ ဆက်ပြီး ဝင်ခွင့်ရရေးအတွက်လည်း ကျျွန်တော်တို့ဆောင်ရွက်နေပါတယ်၊ သူတို့ကို ဝင်ခွင့် ပြုသင့်တဲ့ အချိန်ကိုလည်း ရောက်နေပါပြီ၊ ဒါမှသာ ပတ္တမြားမြေက ထွက်တဲ့ ကျောက်သံပတ္တမြား တွေဟာ ဥရောပကို ရောက်ပြီး ဥရောပက သိလာပြီး ဒေသခံတွေ စီးပွားရေး ဖွံဖြိုးလာနိုင်မယ်၊ ကျောက်မျက် ကုမ္ပဏီကြီးတွေကို ပေးထားရုံနဲ့ ဒေသခံတွေ မတိုး တက်နိုင်ဘူး၊ ဒီကိစ္စကို နိုင်ငံတော် သမ္မတထံ တင်ပြပြီး လုပ်ဆောင်သွားပါ့မယ်” ဟု ယနေ့ကျင်းပ သော မိုးကုတ် နှစ် ၈၀၀ ပြည့်ပွဲတော် ဖွင့်ပွဲ အပြီးတွင် ဝန်ကြီးချုပ်က ဆင်ဟွာကို ပြောခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ခွင့်ပြုချက်ရရေးအတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဟိုတယ်နှင့် ခရီး ဝန်ကြီး ဌာန အစည်းအဝေးများတွင် တရားဝင်ပြောကြားထားပြီး ဖြစ် ကြောင်း၊ ဧည့်သည်များ အနေဖြင့် ပြင်ဦးလွင် လမ်းက မလာဘဲ မန္တလေး – မတ္တရာ – မိုးကုတ် လမ်းမှ လာလျှင် ရကြောင်း၊ ယခုပွဲ အောင်မြင်စွာ ကျင်းပပြီး အေးချမ်းသော အခြေအနေမျိုး ဆက်လက် ရှိနေမည်ဆိုလျှင် နိုင်ငံတော် သမ္မတထံ တင်ပြပြီး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောခဲ့သည်။

မိုးကုတ် နှစ်ရှစ်ရာပြည့် ပွဲတော် ဖွင့်ပွဲ အခမ်းအနား တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အဖွင့်အမှာ စကားပြောကြားစဉ်(ဆင်ဟွာ)

မိုးကုတ် နှစ်ရှစ်ရာပြည့် ပွဲတော် ဖွင့်ပွဲ အခမ်းအနား သို့တက်ရောက်လာသော ဒေသခံတိုင်းရင်းသား ပြည်သူများအားတွေ့ရစဉ်(ဆင်ဟွာ)

မိုးကုတ် နှစ်ရှစ်ရာပြည့် ပွဲတော် ဖွင့်ပွဲ အခမ်းအနား သို့တက်ရောက်လာသော ဒေသခံတိုင်းရင်းသား ပြည်သူများအားတွေ့ရစဉ်(ဆင်ဟွာ)

မိုးကုတ် နှစ်ရှစ်ရာပြည့် ပွဲတော် ဖွင့်ပွဲ အခမ်းအနား သို့တက်ရောက်လာသော ဒေသခံတိုင်းရင်းသား ပြည်သူများအားတွေ့ရစဉ်(ဆင်ဟွာ)

မိုးကုတ် နှစ်ရှစ်ရာပြည့် ပွဲတော် ဖွင့်ပွဲ အခမ်းအနား သို့တက်ရောက်လာသော ဒေသခံတိုင်းရင်းသား ပြည်သူများအားတွေ့ရစဉ်(ဆင်ဟွာ)

အနှစ် ၈၀၀ ပြည့် ပွဲတော်ကာလ သုံးရက် ( မတ်လ ၂၉ မှ ၃၁ ရက်) အတွင်း မိုးကုတ်ဒေသသို့ နိုင်ငံခြားသား ဧည့်သည်များအား ဝင်ရောက်လေ့လာခွင့် ပြုထားရုံသာမက ၎င်းတို့အတွက် ကျောက်မျက် ရတနာများကို ပန်းခြံ ထာပွဲ၌ နေ့လယ် ၁ း ၀၀နာရီမှ ၃ း ၀၀ နာရီအထိ ရောင်းချ ပေးလျက်ရှိကြောင်းသိရသည်။

နံနက် ၉ း ၀၀ နာရီတွင် ဝန်ကြီးချုပ်က မင်္ဂလာမောင်းအား သုံးချက်တီးပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာ ဝန်ကြီးချုပ်နှင့် အတူ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်း၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ နှင့် မိုးကုတ်၊ မန္တလေး၊ ရန်ကုန်တို့မှ မိုးကုတ် နှစ် ၈၀၀ ပြည့်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ များက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် အဖွင့် မိန့်ခွန်းကို ဝန်ကြီးချုပ်က မိန့်ကြားခဲ့ပြီး မြို့မိမြို့ဘ တစ်ဦးဖြစ်သူ ဦးသာဌေးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် မိုးကုတ်သူ ဒေါ်သက်သက်ခိုင်တို့က အသီးသီး ကျေးဇူးတင် စကားများ ပြောကြားခဲ့ကြသည်။

ဝန်ကြီးချုပ်၏ အဖွင့် မိန့်ခွန်းတွင် ယခု ပွဲတော် ကြီး ဖြစ်မြောက်ရေးအတွက် မိုးကုတ်ဒေသရှိ တိုင်းရင်းသား ပြည်သူအားလုံးတို့က ဒီမိုကရေစီ စိတ်ဓာတ်ဖြင့် စည်းလုံး ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ကြခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် ဂုဏ်ယူပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ ပလောင်၊ ရှမ်း၊ ချင်း၊ လီဆူး နှင့် ဂေါ်ရခါး လူမျိူးများက ရိုးရာ ဝတ်စုံ အပြည့်ဖြင့် တက်ရောက်ခဲ့ကြရာ ဒေသခံ ပရိသတ်များ အပါအဝင် လူဦးရေ ခြောက်ထောင်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.