Politics, Law & Military
တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးက ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံ သို့ သွားရောက်မည်
ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် အမျိုးသား ကာကွယ်ရေး ဝန်ကြီး ဝေဘုန်းဟယ်သည် ရုရှားနိုင်ငံသို့ သတ္တမအကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ မော်စကို ညီလာခံ တက်ရောက်ရန်နှင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း၊ ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ်လည်းကောင်း၊ ဧပြီလ ၁ ရက်မှ ၈ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အဆိုပါ ခရီးစဉ်များအား ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sergey Shoygu နှင့် ဘယ်လာရုစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Andrei Ravkov တို့၏ ဖိတ်ကြားချက်ဖြင့် သွားရောက်ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ren Guoqiang က မတ်လ ၃၀ ရက်က ပြောကြားခဲ့သည်။
ဝေ၏ ရုရှားနိုင်ငံ ခရီးစဉ်သည် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ စစ်တပ်များအကြား ခိုင်မာသော လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုအား အကူအညီဖြစ်စေရန်နှင့် ဘက်စုံ မဟာဗျူဟာမြောက် တရုတ်-ရုရှား မိတ်ဖက်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှု ကြွယ်ဝ တိုးတက်စေမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)