Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က ဆဋ္ဌမ အကြိမ်မြောက် GMS ထိပ်သီး အစည်းအဝေး တွင် မိန့်ခွန်း ပြောကြား


ဟနွိုင်း ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က မတ်လ ၃၁ ရက်နေ့၌ ဗီယက်နမ် နိုင်ငံ မြို့တော် ဟနွိုင်း တွင် ကျင်းပ ပြုလုပ် ခဲ့သည့် ဆဋ္ဌမ အကြိမ်မြောက် မဟာ မဲခေါင် ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (GMS) ထိပ်သီး အစည်းအဝေး တွင် ” ဒေသခွဲ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာ သစ်ကို အတူတကွ ရေးဆွဲသွားကြမည်” ဟူသည့် ခေါင်းစဉ် ဖြင့် မိန့်ခွန်းပြောကြား ခဲ့သည်။

ဝမ်ရိ က ၂၀၁၈ ခုနှစ် သည် လွန်စွာ အရေးပါသည့် နှစ်တစ်နှစ်ဖြစ်ပြီး အာဆီယံ အနေဖြင့် ဒုတိယ နှစ်၅၀ ကာလ ကို စတင်ဝင်ရောက် လာခဲ့ပြီး တရုတ် နိုင်ငံ အနေဖြင့်လည်း ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ခဲ့ရာ နှစ် ၄၀ ပြည့်နှစ်ဖြစ်ကာ GMS အနေဖြင့်လည်း နှစ်ပေါင်း ၂၅ နှစ်ရှိခဲ့ပြီး ဖြစ်ကြောင်း ၊ ၂၅ နှစ်တာ ကာလအတွင်း ဒေသခွဲ အတွင်းရှိ နိုင်ငံ ၆ နိုင်ငံ တို့က “တစ်ရေတည်းသောက် ၊ တူညီသောဆန်စပါးအားအတူစား” ဟူသည့် မေတ္တာသံယောဇဉ်ဖြင့် ရိုးသားပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီး အပြန်အလှန် ဖေးမကူညီကာ မိမိ နိုင်ငံလက်တွေ့ အခြေအနေ နှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် ကို လက်တွဲလျှောက်လှမ်း ခဲ့ကြကြောင်း ၊ အတူတကွ လက်တွဲကာ အာရှငွေကြေး အခက်အခဲ နှင့် ကမ္ဘာ့ငွေကြေး အခက်အခဲ ၏ ထိခိုက်မှု တို့ကို ကျော်လွှားနိုင်ခဲ့ကာ အာရှဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါသည့် အားအင် တစ်ခု ဖြစ်စေခဲ့ကြောင်း ၊ ဒေသခွဲ နိုင်ငံများအတူတကွ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဒေသခွဲ အတွင်းရှိ ပြည်သူလူထု တို့၏ လူနေမှုဘဝ ကို ပိုမိုကောင်းမွန်အောင် ဖန်တီးပေးနိုင်ခဲ့ပြီး သန်းရာနှင့်ချီသော ပြည်သူတို့အား ဆင်းရဲနွမ်းပါးမှု မှ လွတ်မြောက်နိုင်စေခဲ့ကာ လှပသည့် လူနေမှုဘဝ ကို ရရှိစေခဲ့ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် ဒေသခွဲ အတွင်းရှိ နိုင်ငံ ၆ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာ သည် လွန်စွာ အားအင်ပြည့်ဝ လာပြီးဖြစ်ကာ GMS ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း စသည် တို့အား တပြိုင်တည်း တွန်းအားပေးဆောင်ရွက်နိုင်ခဲ့ပြီး ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုသည်လည်း ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှု အတွက် ကြီးမားသည့် အားအင်ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ၊ ဒေသခွဲ နိုင်ငံ ၆ နိုင်ငံ အနေဖြင့် တောတောင်ရေမြေခြင်း ထိစပ်နေကြပြီး အကျိုးစီးပွားပတ်သက်ဆက်နွယ်မှု ရှိသော ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တစ်ခု ဖြစ်ကြောင်း ၊ နိုင်ငံ အသီးသီး အနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်ရေး နှင့် စည်ပင်သာယာရေး အတွက် တာဝန်ကိုယ်စီ ထမ်းဆောင်နေကြကြောင်း ၊ ကျွန်တော်တို့အနေဖြင့် လက်ရှိ ကြုံတွေ့လာရသည့် အခွင့်အလှမ်း ကို ဆုတ်ကိုင်ကာ ဒေသခွဲ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်များကို ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း ဝမ်ရိ က ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က ယခင် အကြိမ် GMS အစည်းအဝေး ပြီးနောက်တွင် တရုတ် နိုင်ငံ အနေဖြင့် ဒေသခွဲ အတွင်း ရှိ အခြေခံ အဆောက်အဦး တည်ဆောက်ရေး နှင့် စက်မှုလုပ်ငန်း စီမံကိန်း များအတွက် ငွေကြေး ထောက်ပံ့မှုများကို တိုးမြှင့် ဆောင်ရွက် ခဲ့ပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု များစွာ ကို ဖော်ဆောင်ခဲ့ကြောင်း ၊ ၂၀၁၇ နှစ်တစ်နှစ် အတွင်း တရုတ် နိုင်ငံ က အခြား ဒေသခွဲ အတွင်းရှိ နိုင်ငံ ၅ နိုင်ငံ သို့ ရင်းနှီးမြှုပ်နှံမှုပေါင်း အမေရိကန် ဒေါ်လာ ၄၂ ဘီလီယံကျော် ကို ပြုလုပ်ခဲ့ပြီး ကုန်သွယ်မှု ပမာဏ စုစုပေါင်း သည်လည်း အမေရိကန် ဒေါ်လာ ၂၂၀ ဘီလီယံ အထိ ရောက်ရှိလာခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် လူမှုဘဝ မြှင့်တင်ရေး ဆိုင်ရာ ပညာရေး ၊ ယဉ်ကျေးမှု ၊ ကျန်းမာရေး နှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး စသော ကဏ္ဍအသီးသီး တွင် ဆောင်ရွက်မှုများစွာ ပြုလုပ်ပေးခဲ့ကြောင်း ၊ လတ်တလော ၂ နှစ်တာ ကာလ အတွင်း ဒေသခွဲ အတွင်းရှိ ကျောင်းသား ပေါင်း ၁၂,၀၀၀ ကျော် က တရုတ် နိုင်ငံ အစိုးရ မှ ထောက်ပံ့သည့် ပညာသင်ဆု ကို ရရှိခဲ့ကြပြီး ဝန်ထမ်းပေါင်း ၃,၀၀၀ ကျော် က တရုတ် နိုင်ငံ သို့ သွားရောက်၍ လေ့လာသင်ယူခွင့် ရရှိခဲ့ကြကြောင်း ၊ ယခု အကြိမ် အစည်းအဝေး မှ ရရှိခဲ့သည့် “၂၀၂၂ ခုနှစ် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်” က အနာဂတ် ၅ နှစ်တာ ကာလအတွင်း ဒေသခွဲ အတွင်း စီမံကိန်း ပေါင်း ၂၀၀ ကျော် ကို ဆောင်ရွက်မည် ဖြစ်ပြီး ထို့အတွင်းမှ သုံးပုံတစ်ပုံ ခန့်သည် တရုတ် နိုင်ငံ မှ ဦးဆောင်ခြင်း ၊ ပါဝင်ခြင်း သို့မဟုတ် ငွေကြေးထောက်ပံ့ခြင်း တို့ကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် စီမံကိန်း များအားလုံး အား လက်တွေ့လိုအပ်ချက်အရ ဆောင်ရွက်ခြင်း နှင့် ဒေသတွင်း ပြည်သူလူထု တို့ကို အကျိုးဖြစ်ထွန်းစေခြင်း ဖြစ်စေရန် ကတိပြုကြောင်း ပြောကြား ခဲ့သည်။

နောက်ဆုံးတွင် ဝမ်ရိ က လမ်းခရီးဟာ ရှည်လျားသော်လည်း လျှောက်လှမ်းပါက တစ်နေ့ရောက်ရှိကြမည် ဖြစ်ကြောင်း ၊ ကျွန်တော်တို့ အတူတကွ လက်တွဲ ချီတက်ကြကာ မိတ်ဖက်ဆက်ဆံရေး ကို အဆက်မပြတ် ပိုမို ခိုင်မြဲစေပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုနက်ရှိုင်းစေခြင်းဖြင့် ပိုမိုနီးကပ်သည့် ဒေသခွဲ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ကို တည်ဆောက်ကာ လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး အတွက် ဖြည့်စွက်သွားကြရန် ဟု ပြောကြား ခဲ့သည်။(Xinhua)