Connect with us

Africa & Middle East

ကူဝိတ်နိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံး

ကူဝိတ်နိုင်ငံ တွင် ဧပြီ ၁ရက်နေ့က ဘတ်စ်ကား ၂စီး ခေါင်းချင်းဆိုင်တိုက်မိစဉ် (ဓါတ်ပုံ-အင်တာနက်)

ကူဝိတ်စီးတီး၊ ဧပြီ ၂ရက် (ဆင်ဟွာ)

ကူဝိတ်နိုင်ငံ တွင် ဧပြီ ၁ရက်နေ့က ယာဉ်တိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၁၅ဦးသေဆုံးပြီး အခြားလူ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကူဝိတ်နိုင်ငံ မီးသတ်ဦးစီးဌာန (KFSD) ကပြောကြားခဲ့သည်။

KFSD က ဘာဂန်ရေနံတွင်း အနီး ၇ခုမြောက် မြို့ပတ်လမ်း နှင့် ကပ်လျက်ရှိသော Al-Artal လမ်းပေါ်တွင် ဘတ်စ်ကား ၂စီး ခေါင်းချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရန် အခင်းဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ အလျင်အမြန်ရောက်ရှိလာပြီး ၎င်းတို့အနက် တစ်ဦးကို လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပြီး အခြားတစ်ဦးကို ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကူဝိတ်အာဏာပိုင်တစ်ဦးကပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကူဝိတ်ရေနံကုမ္ပဏီ (KOC) က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သော ယင်းဘတ်စ်ကားများသည် ကုမ္ပဏီ နှင့် စာချုပ်ချုပ်ဆိုထားသော အလုပ်အကိုင်ကုမ္ပဏီများမှ အလုပ်သမားများအား ပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

KOC က ယာဉ်မတော်တဆမှုဖြစ်ပွားသည်နှင့် တစ်ပြိုင်နက် အရေးပေါ်ဆေးကုသရေးအဖွဲ့များက ချက်ချင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။

သေဆုံးသူ ၇ဦးမှာ အိန္ဒိယနိုင်ငံသားများဖြစ်ပြီး ၅ဦးမှာ အီဂျစ်နိုင်ငံသားများဖြစ်ကာ ကျန် ၃ဦးသည် ပါကစ္စတန်နိုင်ငံသားများဖြစ်ကြောင်း နှင့် ဒဏ်ရာရရှိသူ ၂ဦးမှာ အိန္ဒိယနိုင်ငံသား တစ်ဦး နှင့် ကူဝိတ်နိုင်ငံသား တစ်ဦးတို့ဖြစ်ကြောင်း KOC ကပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117