Connect with us

Politics, Law & Military

မောင်တောမြို့၌ မြိုတိုင်းရင်းသူတစ်ဦး သတ်ခံရ

မြိုတိုင်းရင်းသူတစ်ဦး အသတ်ခံရပြ မြေပုံအားတွေ့ရစဉ်(ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဟင်းစားရှာထွက်သော မြိုတိုင်းရင်းသူ အမျိုးသမီးတစ်ဦး အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်း ဖြစ်စဉ် ဧပြီ ၄ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ခမောင်းဆိပ်ကျေးရွာနေ မြိုတိုင်းရင်းသား/ တိုင်းရင်းသူ ၇ ဦးတို့နှင့်အတူ ဘော်တလာကျေးရွာဘက်သို့ ဟင်းစားရှာရန်ထွက်ခွာခဲ့ရာ မွန်းတည့် ၁၂ နာရီခန့်တွင် ဘော်တလာကျေးရွာ ရွှေဇံချောင်းအနီး၌ ဓားရှည်နှင့် သံတုတ်ကိုယ်စီ ကိုင်ဆောင်ထားသော အကြမ်း ဖက်သမား ၃ ဦးက လိုက်လံ ထိုးခုတ်ရိုက်နှက်သောကြောင့် ခမောင်းဆိပ် ကျေးရွာသို့ ပြန်လည်ထွက်ပြေးခဲ့ကြောင်း သိရသည်။

ပြန်လည်ထွက်ပြေးလာသည့် မြိုတိုင်းရင်းသား/တိုင်းရင်းသူ ၈ ဦးနက် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦးသည် ကျေးရွာသို့ပြန်လည်ရောက်ရှိခဲ့ပြီး အမျိုးသမီး ၂ ဦးမှာ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် လိုက်ခံရှာဖွေခဲ့ရာ ဘော်တလာကျေးရွာအနီးတွင် ဒေါ်ဆောင်ရွေးအား ဦးခေါင်းပြတ်ရှဒဏ်ရာ ၄ ချက်ဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျန်ပျောက်ဆုံးနေသည့် ဒေါ်မွေရွေး အား ဆက်လက်ရှာဖွေရာ ယနေ့ညနေ ၄ နာရီ မိနစ် ၅၀ တွင် အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီးလူသတ်မှုဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများ အား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုများ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.