Connect with us

Social

သြင်္ကန်ကာလ အတွင်း YBS ခရီးသည်တင် ယာဉ်လိုင်းများ နှင့် အဝေးပြေး ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ် လိုင်းများ ပြေးဆွဲမည့် အစီအစဉ် အသိပေး

သင်္ကြန် ကာလ အတွင်း ရန်ကုန် မြို့ တွင်း ရေကစားကြသူများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

သြင်္ကန် ကာလ အတွင်း ရန်ကုန်မြို့နေ ပြည်သူများ နှင့် ရန်ကုန်တိုင်းဒေသကြီး ပြင်ပ အခြား တိုင်းဒေသကြီး ၊ ပြည်နယ် များသို့သွားရောက် လိုသည့် ခရီးသွား ပြည်သူများ အတွက် YBS ခရီးသည်တင် ယာဉ်လိုင်းများ နှင့် အဝေးပြေး ခရီးသည် ပို့ဆောင်ရေး မော်တော် ယာဉ်လိုင်းများ ပြေးဆွဲမည့် အစီအစဉ်များအား ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ အသိပေး ကြေညာခဲ့သည်။

ရန်ကုန်မြို့နေ ပြည်သူများ သွားလာမှု အဆင်ပြေ စေရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ စီမံမှုဖြင့် မြို ့တွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်း ၆၁ လိုင်း ၊ ယာဉ်စီးရေ ၇၆၉ စီးဖြင့် ပုံမှန် ပြေးဆွဲ လမ်းကြောင်း အတိုင်း သတ်မှတ် ယာဉ်စီးခ နှုန်းထားဖြင့် ပြေးဆွဲ သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးမှ အခြား တိုင်းဒေသကြီး ၊ ပြည်နယ် များသို့ပြေးဆွဲမည့် အဝေးပြေး ခရီးသည် ယာဉ်လိုင်းများ သည် ဧပြီ ၈ ရက် အထိ ပုံမှန် ပြေးဆွဲပြီး ဧပြီ ၉ ရက်မှ ၁၆ ရက် အထိ အောင်မင်္ဂလာ အဝေးပြေး ၊ ဒဂုံ ဧရာ အဝေးပြေး ယာဉ်ရပ်နား စခန်းများမှ ထွက်ရှိသည့် ခရီးသည်တင် ယာဉ်များ အနေဖြင့် အလှည့်ကျ ရပ်နားခြင်း ၊ ပြေးဆွဲခြင်းများ ပြုလုပ်ပြီး အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းမှ ရန်ကုန် တိုင်းဒေသကြီး အခြေပြု ယာဉ်လိုင်း ၁၀ လိုင်း ၊ အခြား တိုင်းဒေသကြီး နှင့် ပြည်နယ်များ အခြေပြု ယာဉ်လိုင်း ၈ လိုင်း ၊ ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နား စခန်းမှ ရန်ကုန် တိုင်းဒေသကြီး အခြေပြု ယာဉ်လိုင်း ၄ လိုင်း ၊ အခြား တိုင်းဒေသကြီး နှင့် ပြည်နယ်များ အခြေပြု ယာဉ်လိုင်း ၃ လိုင်း ပိတ်ရက် မရှိ ပြေးဆွဲသွားမည် ဖြစ်ကြောင်း အသိပေး ကြေညာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးမှ အခြား တိုင်းဒေသကြီးများသို့ သွားရောက်ကြမည့် ခရီးသွား ပြည်သူများ၏ သွားလာမှု အထောက် အကူ ပြုရန် အတွက် ဧပြီ ၁၁ ရက်မှ ၁၃ ရက် အထိ ရန်ကုန် – ပုသိမ် ခရီးစဉ်အား ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နား စခန်းမှ လည်းကောင်း ၊ ဧပြီ ၁၁ ရက်မှ ၁၃ ရက် အထိ ရန်ကုန် – လက်ပံတန်း – မင်းလှ ခရီးစဉ် နှင့် ဧပြီ ၁၁ ရက်မှ ၁၂ ရက်များတွင် ရန်ကုန် – ပဲခူး – ညောင်လေးပင် – တောင်ငူ – နေပြည်တော် ခရီးစဉ် များကို အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းမှ လည်းကောင်း ၊ YRTA ၏ စီမံမှုအောက်ရှိ ယာဉ်လိုင်းများမှ ခရီးသည်ယာဉ်များဖြင့် အင်အားဖြည့် ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲသော YBS ခရီးသည်တင် ယာဉ်လိုင်းများ နှင့် ရန်ကုန်တိုင်းဒေသကြီး နှင့် အခြား တိုင်းဒေသကြီး ၊ ပြည်နယ်များမှ အဝေးပြေး ခရီးသည် ယာဉ်လိုင်း အားလုံးသည် ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်)နေ့တွင် ပုံမှန် အတိုင်း ယာဉ်လိုင်းများ ပြန်လည် ပြေးဆွဲသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.