Connect with us

Social

ရန်ကုန်မြို့အင်းလျားကန်ပေါင်၌ သြင်္ကန်အတွက် ထီးအလက်ငါးရာ အလှဆင်ထား

ရန်ကုန်မြို့အင်းလျားကန်ပေါင်၌ သင်္ကြန်အတွက် ထီးအလက်ငါးရာ အလှဆင်ထားမှုအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

၁၃၇၉ ခုနှစ် မြန်မာ့ရိုးရာမဟာသြင်္ကန်ပွဲတော်အတွင်း အများပြည်သူ အနားယူနိုင်စေရန်အတွက် ရန်ကုန်မြို့ ပြည်လမ်းဘေးရှိ အင်းလျားကန်ပေါင်၌ ထီးအလက် ငါးရာတပ်ဆင်ထားကြောင်း သိရသည်။

ကန်ပေါင်အနီးတွင် ရေကစားမဏ္ဍပ်ကြီးတစ်ခုရှိမည်ဖြစ်ကြောင်း၊ ပြည်သူများ ရေကစားပြီး အရိပ်ထဲ တွင် အနားယူနိုင်ရန် စီစဉ်ထားကြောင်း၊ ၎င်းထီးများကို ဧပြီ ၂ဝ ရက်အထိ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ထီးများတပ်ဆင်ထားသည့်နေရာ၌ တက္ကသိုလ်ကျောင်းသား ကျောင်းသူ များနှင့် အပန်းဖြေလာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိပြီး အလှဓာတ်ပုံများ ရိုက်ကူးနေ ကြကြောင်း ကြေးမုံသတင်းအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.