Europe
အမေရိကန် စည်းကြပ်ခွန်မူဝါဒက စီးပွားရေးကဏ္ဍတွင် အလုပ်မဖြစ်ဟု ဂျာမနီ မီဒီယာ ဖော်ပြ

ဘာလင်၊ မတ် ၁၁ ရက် (ဆင်ဟွာ)
မကြာသေးမီရက်က ဂျာမနီ အပတ်စဉ် စီးပွားရေးသတင်း မဂ္ဂဇင်း Wirtschaftswoche တွင် “ထရမ့်၏ စည်းကြပ်ခွန် မှားယွင်းမှုကြီး” ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့သည်။
အမေရိကန်အစိုးရက စည်းကြပ်ခွန်းထပ်တိုးကောက်ခံခြင်းဖြင့် အမေရိကန် ကုန်သွယ်ရေး လိုငွေပြမှု ချိန်ခွင်လျှာကို ထိန်းညှိရန် မျှော်လင့်ရာ ယင်းမှာ စီးပွားရေးကဏ္ဍ၌ အလုပ်မဖြစ်ကြောင်း အဆိုပါ ဆောင်းပါးက ယူဆသည်။
“အမှားမှ သင်ခန်းစာယူ” သည့် တွေးခေါ်နည်းမှာ အမေရိကန် အစိုးရသစ်တစ်ရပ်အတွက်ဆိုလျှင် အလွန်ပင် အစိမ်းသက်သက် ဖြစ်နေကြောင်း၊ ထရမ့်က ၎င်း၏ပထမသမ္မတသက်တမ်းတွင် အမေရိကန် ကုန်သွယ်ရေးလိုငွေပြမှုကို ပပျောက်စေရန် မျှော်လင့်ပြီး အဓိကကုန်သွယ်ရေး မိတ်ဖက်များကို စည်းကြပ်ခွန် ထပ်တိုးကောက်ခံခဲ့ဖူးကြောင်း၊ သို့သော် ယင်းသက်တမ်း လေးနှစ်ကြာကာလတွင် နှစ်စဉ် အမေရိကန် ကုန်ပစ္စည်း ပို့ကုန်ပမာဏမှာ သွင်းကုန်ပမာဏထက် လျော့နည်းနေပြီး လိုငွေမှာလည်း တောက်လျှောက်မကျဆင်းနိုင်ဘဲ မြင့်မားနေခဲ့ကြောင်း၊ ယင်း လေးနှစ်ကြာကာလတွင် ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒကြောင့် အမေရိကန် စားသုံးသူများအတွက် နှစ်စဉ် ကန်ဒေါ်လာ ၅၇ ဘီလီယံခန့် ဆုံးရှုံးခဲ့သည်ဟု တတ်သိပညာရှင်အဖွဲ့ဖြစ်သော American Action Forum ၏ စာရင်းရလဒ်များတွင် ဖော်ပြထားကြောင်း ဆောင်းပါး၌ ရေးသားထားသည်။
မည်သို့ပင်ဖြစ်စေကာမူ ဤကဲ့သို့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ လုပ်ရပ်က ယနေ့ တစ်ဖန် ထပ်မံ ရောက်ရှိလာခဲ့သည်။ မက္ကဆီကိုနှင့် ကနေဒါ နှစ်နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများအား စည်းကြပ်ခွန် တိုးမြှင့်ပြီးနောက် အမေရိကန်အစိုးရသည် ဥရောပတိုက်မှ တင်သွင်းသည့် မော်တော်ယာဉ်နှင့် ဆေးဝါးပစ္စည်းများအပေါ် စည်းကြပ်ခွန် ထပ်တိုးရန် စဉ်းစားလျက်ရှိသလို ကုန်သွယ်ရေးမိတ်ဖက်များအား “အလားတူ အခွန်” ကောက်ခံမည်ဟုလည်း ခြိမ်းခြောက်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။
ကုန်သွယ်မှု ငွေအဝင်အထွက်ချိန်ခွင်လျှာကို အမေရိကန်အစိုးရက တစ်ဖန် အာရုံစိုက်လာရာ ၂၀၂၄ ခုနှစ်တွင် အမေရိကန်က ဥရောပသမဂ္ဂအပေါ် ကုန်ပစ္စည်း ကုန်သွယ်ရေးလိုငွေပြမှုသည် ယူရိုငွေ ၂၀၀ ဘီလီယံကျော် စံချိန်တင် မြင့်တက်ခဲ့ကြောင်း၊ နောက်တစ်ဆင့်အနေဖြင့် ဥရောပမှ လာသော မော်တော်ယာဉ်နှင့် ဆေးဝါးပစ္စည်းများက ထိပ်ဆုံးမှ ရိုက်ခတ်ခံရနိုင်ဖွယ်ရှိ ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးသားထားသည်။
ထရမ့်အစိုးရအနေဖြင့် စည်းကြပ်ခွန်က “အထက်မြက်ဆုံးသော လက်နက်” ဟု ယူဆသော်လည်း ယင်းမှာ အကျိုးသက်ရောက်မည် မဟုတ်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။
“စည်းကြပ်ခွန်နဲ့ ကုန်သွယ်ရေးလိုငွေပြမှုကို ဆက်တိုက်လျှော့ချနိုင်မယ်လို့ ယုံကြည်တာက ကလေးဆန်တာပဲ” ဟူ၍ ဂျာမနီ မြူးနစ် စီးပွားရေး သုတေသနဌာန နိုင်ငံတကာစီးပွားရေးသုတေသနစင်တာ ဒါရိုက်တာ Lisandra Flach ၏ ပြောကြားချက်ကို ကိုးကား၍ ဆောင်းပါးတွင် ဖော်ပြထားသည်။ အမေရိကန် စည်းကြပ်ခွန် မူဝါဒက ၎င်းအား ငွေကြေးဖောင်းပွမှုအသစ်၏ ရိုက်ခတ်မှုကို ခံရနိုင်ပြီး အမေရိကန် ပင်ကိုစီးပွါးရေးကို အထိနာစေမည်ဟု Lisandra Flach က သတိပေး ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
全球瞭望|德媒:美国关税政策在经济上行不通
新华社柏林3月11日电(记者王自强)德国《经济周刊》日前刊登题为《特朗普的重大关税错误》的文章。文章认为,美国政府指望通过加征关税来平衡美国的贸易逆差,这在经济上行不通。
文章说,“从错误中吸取教训”的思维方式对美国新一届政府来说很陌生。特朗普在第一任期内曾对重要贸易伙伴加征关税,以期消除美国的贸易逆差。但在那个任期的四年中,美国商品出口额每年都低于进口额,赤字也一直居高不下。智库美国行动论坛的统计结果表明,那四年,保护主义政策每年给美国消费者造成约570亿美元的损失。
尽管如此,这种保护主义做法如今又来一轮。文章表示,继对进口自墨西哥和加拿大两国的产品加征关税后,美国政府正考虑对来自欧洲的汽车和药品加征关税,还威胁对贸易伙伴征收“对等关税”。
文章说,美国政府再一次将目光投向贸易收支:2024年,美国对欧盟的货物贸易逆差攀升至创纪录的超2000亿欧元。下一步,来自欧洲的汽车和药品恐将首当其冲受到影响。
文章说,特朗普政府以为关税是“最锐利武器”,但这其实并不会奏效。文章援引德国慕尼黑经济研究所国际经济研究中心主任莉桑德拉·弗拉赫的话说:“相信可以用关税来持续减少贸易逆差是天真的。”弗拉赫警告说,美国关税政策可能导致其经历新的通胀冲击,伤及美国经济自身。(完)
1. 这是2月18日在德国法兰克福拍摄的德国央行总部。新华社记者 张帆 摄