Connect with us

Social, Education & Health

တရုတ်နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာကိရိယာဈေးကွက်အရွယ်အစား ယွမ် ၁.၃၅ ထရီလီယံအထိ ‌ရောက်ရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ ချုံချင့် နိုင်ငံတကာကုန်စည်ပြပွဲစင်တာတွင် ကျင်းပသော ၂၀၂၅ ခုနှစ် တရုတ်ကျန်းမာရေးကိရိယာဆိုင်ရာကွန်ဖရင့်နှင့် ကျန်းမာရေးကိရိယာပြပွဲ၌ ခွဲစိတ်ကုသမှုစက်ရုပ်ကို လေ့လာနေသူတစ်ဦးအား ၂၀၂၅ ခုနှစ် မတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ကျန်းမာရေးဆိုင်ရာကိရိယာဈေးကွက်အ‌ရွယ်အစားမှာ ယွမ် ၁.၃၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၈၈.၂ ဘီလီယံခန့်) အထိ ရောက်ရှိခဲ့ကြောင်း နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့တွင် မတ် ၁၅ ရက်က ဖွင့်လှစ်ခဲ့သော ကျန်းမာ‌‌ရေးကိရိယာဆိုင်ရာကွန်ဖရင့်အရ သိရသည်။ယင်းဈေးကွက်အလားအလာမှာ ဆက်လက်ကျယ်ပြန့်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် ကျန်းမာရေးဆိုင်ရာကိရိယာကဏ္ဍရှိ အဓိကစီးပွားရေးလုပ်ငန်းများမှာ ဝင်ငွေ ယွမ် ဘီလီယံ ၅၄၀ ကျော်လွန်လာခဲ့ပြီး လျင်မြန်စွာတိုးတက်မှုကို ဆယ်စုနှစ်တစ်ခုနီးပါးကြာ ထိန်းထားလျက်ရှိကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး Xin Guobin က ပြောကြားခဲ့သည်။ (Xinhua)
#China #MedicalEquipment #Market #Revenue #တရုတ် #ကျန်းမာရေးဆိုင်ရာကိရိယာ #ဈေးကွက် #ဝင်ငွေ
————————-

(English Version)
China’s medical equipment market reaches 1.35 trillion yuan
CHONGQING, March 15 (Xinhua) — China’s medical equipment market size reached 1.35 trillion yuan (about 188.2 billion U.S. dollars) in 2024, according to a medical equipment conference that opened in southwestern Chongqing Municipality on Saturday.
The promising market is still expanding. In 2024, major enterprises in the medical equipment sector saw their revenue exceed 540 billion yuan, maintaining rapid growth for nearly a decade, according to Xin Guobin, vice minister of industry and information technology.
Photo 1: A visitor experiences surgical robot system during the 2025 China Medical Equipment Conference & Medical Equipment Exhibition held at Chongqing International Expo Center in southwest China’s Chongqing Municipality, March 14, 2025. (Xinhua/Wang Quanchao)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.