North America
အမေရိကန် နိုင်ငံ သမ္မတ က မြောက်ကိုရီးယား နှင့် အဆင့်မြင့် တိုက်ရိုက်ဆက်သွယ်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်
ဝါရှင်တန် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန် နိုင်ငံ နှင့် မြောက်ကိုရီးယား နိုင်ငံ တို့ အနေဖြင့် အဆင့်မြင့် တိုက်ရိုက်ဆက်သွယ်မှုများ ကို စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဧပြီလ ၁၇ ရက်နေ့၌ ထုတ်ပြန် ကြေညာ ခဲ့သည်။
ဒေါ်နယ်ထရမ့် က သတင်းမီဒီယာ များနှင့် တွေ့ဆုံရာတွင် မိမိ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း နှင့် တွေ့ဆုံမှု ကို မျှော်လင့်နေကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အပြန်အလှန် လွန်စွာလေးစားမှု ထားရှိပြီး ကောင်းမွန်သည့် သဘောထားများ တည်ရှိကြောင်း ၊ အမေရိကန် အနေဖြင့် တွေ့ဆုံမှု ပြုလုပ်မည့် နေရာ ကို နေရာ ၅ နေရာ မှ ရွေးချယ်သွားရန် ပြင်ဆင်မှု များ စတင်ဆောင်ရွက်နေပြီး ဖြစ်ကာ ၎င်းနေရာများအတွင်း အမေရိကန် နိုင်ငံ မပါဝင်ကြောင်း ပြောကြား ခဲ့သည်။
အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲ တွင် သတင်းမီဒီယာ များက စီအိုင်အေ ဌာနမှူး အနေဖြင့် ဒေါ်နယ်ထရမ့် ၏ အထူး ကိုယ်စားလှယ် အနေဖြင့် မြောက်ကိုရီးယား ကို သွားရောက် ခဲ့ခြင်း နှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ပြောရေးဆိုခွင့်ရှိသူ က ယင်းကိစ္စ နှင့် ပတ်သက်၍ မည်သည့် မှတ်ချက်မှ မပြုလုပ်လိုကြောင်း ပြောကြား ခဲ့သည်။အမေရိကန် နိုင်ငံ သမ္မတ အနေဖြင့် ဧပြီလ ၉ ရက်နေ့ ၌ ၎င်းနှင့် ကင်ဂျုံအမ်း ၏ တွေ့ဆုံမှု ကို မေလ သို့မဟုတ် ဇွန်လဆန်း တွင် ပြုလုပ်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)