Connect with us

Africa & Middle East

အယ်လ်ရှာဘတ် (Al-Shabaab)တို့၏ တိုက်ခိုက်မှုကြောင့် ဆိုမာလီယာ အစိုးရစစ်တပ်တွင် သေဆုံးဒဏ်ရာရသူအများအပြားရှိ

ဆိုမာလီယာမြို့တော်တွင် ဖြစ်ပွားသော ကားဗုံးခွဲမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

နိုင်ရိုဘီ ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

ဧပြီလ ၁၈ ရက်က ဆိုမာလီယာ တောင်ပိုင်း Middle Shabelleပြည်နယ်တွင် အယ်လ်ရှာဘတ် (Al-Shabaab)အစွန်းရောက်လက်နက်ကိုင်အဖွဲ့က ဆိုမာလီယာအစိုးရတပ်ကို တိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံး အစိုးရ စစ်သား ၂ ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ အစိုးရအရာရှိတစ်ဦးက ထိုနေ့တွင်ပြောကြားခဲ့သည်။

အစိုးရစစ်တပ်၏စစ်ကားများ Middle Shabelleပြည်နယ်မှ မြို့တော် မိုဂါဒစ်ရှူးမြို့သို့ မောင်းနှင်သော လမ်းတွင် ဗုံးခွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၊ဗုံးခွဲတိုက်ခိုက်မှုကြောင့် အစိုးရစစ်သား ၂ဦး သေဆုံးခဲ့ရကြောင်းနှင့် ဖောက်ခွဲ မှုဖြစ်ပွားပြီးနောက် အစိုးရတပ်နှင့် အယ်လ်ရှာဘတ် (Al-Shabaab)လက်နက်ကိုင်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရာ လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းဒေသခံအစိုးရအရာရှိက ဆိုပါသည်။

အယ်လ်ရှာဘတ် (Al-Shabaab)လက်နက်ကိုင်သည် အယ်လ်ကိုင်ဒါး (Al-Qaeda)နှင့် ဆက်စပ်နေသည့် အစွန်းရောက်အဖွဲ့အစည်း ဖြစ်ပြီး ယခုနှစ်ပိုင်းများတွင် ဆိုမာလီယာနှင့် ၎င်းအနီးတဝိုက်ရှိနိုင်ငံများကို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ဆိုမာလီအခြေစိုက် အာဖရိကသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့၏အကူအညီဖြင့် ဆိုမာလီယာအစိုးရက အယ်လ်ရှာဘတ် (Al-Shabaab)လက်နက်ကိုင်နှိမ်နင်းမှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိရာ ဧပြီလ ၁၇ ရက်က အလယ်ပိုင်း ဟီရန်ဒေသတွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ အယ်လ်ရှာဘတ်လက်နက်ကိုင် အယောက် ၃၀ ကို ပစ်သတ်နှိမ်နှင်းနိုင်ခဲ့သည်။ (Xinhua)