International Organizations
လူသားချင်းစာနာမှု အကူအညီများ ဂါဇာဒေသသို့ဝင်ရောက်ခြင်းအား အာမခံပေးရန် ဂူတာရက်စ် တိုက်တွန်း

ကုလသမဂ္ဂ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
လူသားချင်းစာနာမှု အကူအညီများ ဂါဇာဒေသသို့ အတားအဆီးမရှိ ဝင်ရောက်နိုင်ရေးအား အာမခံပေးရန်၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ရေရှည်အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဧပြီ ၈ ရက်တွင် တိုက်တွန်းခဲ့သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်စီးခဲ့သည့် အချိန်ကာလတစ်လကျော်အတွင်း မည်သည့် လူသားချင်းစာနာမှု အကူအညီမျှ ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း၊ ကူညီရေးပစ္စည်းများ အမြောက်အမြားသည် နယ်စပ်ဖြတ်သန်းရာနေရာ၌ စုပြုံနေပြီး ဝင်ရောက်နိုင်ခြင်းမရှိကြောင်း၊ ဂါဇာဒေသ လူသားချင်းစာနာမှု အကျပ်အတည်းသည် ဆိုးရွားလာနေကြောင်း၊ ဂူတာရက်စ်က ထိုနေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“ထောက်ပံ့မှုတွေ လျော့နည်းလာတာနဲ့အမျှ အကြမ်းဖက်မှုဆိုတဲ့ တံခါးကြီး ပြန်လည်ပွင့်လာပါတယ်”၊ “ဂါဇာဒေသဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့နေရာဖြစ်လာနေပြီး အရပ်သားပြည်သူတွေကလည်း အဆုံးမဲ့သော သေဆုံးမှုသံသရာကြီးထဲ ကျရောက်နေပါတယ်” ဟုလည်း ၎င်းက ဆိုခဲ့သည်။
လူသားချင်းစာနာမှု အကူအညီများ ဂါဇာကမ်းမြောင်ဒေသသို့ အတားအဆီးမရှိ ဝင်ရောက်နိုင်ရေးအား အာမခံပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာဥပဒေနှင့်အညီ လူသားချင်းစာနာမှုဝန်ထမ်းများ ဘေးကင်းလုံခြုံမှုအား အာမခံပေးကာ ကုလသမဂ္ဂဝန်ထမ်းအပါအဝင် လူသားချင်းစာနာမှုဝန်ထမ်းများ ထိခိုက်သေဆုံးမှုဖြစ်စဉ်များအပေါ် လွတ်လပ်သော စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
လက်ရှိသည် ထိုကဲ့သို့လူမဆန်သောလုပ်ရပ်ကို အဆုံးသတ်ရန်၊ အရပ်သားပြည်သူများအား ကာကွယ်ပေးရန်၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား လွှတ်ပေးရန်၊ လူသားချင်းစာနာမှု အကူအညီများ ဝင်ရောက်မှုကို အာမခံပေး၍ အပစ်အခတ်ရပ်စဲမှုကို ပြန်လည်ဖော်ဆောင်ရန် အချိန်ဖြစ်ကြောင်းလည်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
ဂါဇာဒေသပြည်သူများအား အခြားနိုင်ငံသို့ရွှေ့ပြောင်းရန်၊ အမေရိကန်မှ ဂါဇာကမ်းမြောင်ဒေသအား “လက်လွှဲရယူ” ရန် အစီအစဉ်အား အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဧပြီ ၇ ရက်တွင် ထပ်မံပြောကြားခဲ့မှုနှင့် စပ်လျဉ်း၍ မေးမြန်းမှုအား ဖြေကြားရာတွင် ပါလက်စတိုင်းသားများသည် ပါလက်စတိုင်း၌ နေထိုင်ပိုင်ခွင့်ရှိကြောင်း၊ အတင်းအဓမ္မရွှေ့ပြောင်းမှုသည် နိုင်ငံတကာဥပဒေအား ချိုးဖောက်ရာကျသည့် လုပ်ရပ်ဖြစ်ကြောင်း ဂူတာရက်စ်က ထပ်မံအလေးထားပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
古特雷斯呼吁确保人道主义援助进入加沙
新华社联合国4月8日电(记者施春)联合国秘书长古特雷斯8日呼吁确保人道主义援助畅通无阻地进入加沙地带,立即无条件释放被扣押人员,实现永久停火。
古特雷斯当天在记者会上说,停火破裂一个多月来,没有任何人道主义援助进入加沙地带,大量援助物资积压在过境点无法进入,加沙地区人道主义危机正在恶化。他说,“随着供应枯竭,恐怖的闸门再度被打开”“加沙正在成为杀戮之地,平民陷入无休止的死亡循环”。
古特雷斯说,必须确保人道主义援助畅通无阻地进入加沙地带,必须根据国际法保障人道主义工作者安全,并对包括联合国人员在内的人道主义工作者遇害事件展开独立调查。他强调,现在是结束这种非人道行为、保护平民、释放被扣押人员、确保人道主义援助准入并恢复停火的时候了。
在回答有关美国总统特朗普7日再次提到将加沙民众迁移到其他国家、由美国“接管”加沙地带方案的提问时,古特雷斯重申,巴勒斯坦人有权生活在巴勒斯坦,强制迁移是违反国际法的行为。(完)
图说:4月8日,在位于纽约的联合国总部,联合国秘书长古特雷斯出席记者会。新华社发(联合国供图/埃文·施耐德摄)