Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေး ဆောင်ရွက်ထားမှုများအား ပြည်တွင်း/ပြည်ပ မီဒီယာများ သွားရောက် သတင်း ရယူ

မောင်တော ဒေသရှိ ငါးခူရ ပြန်လည် လက်ခံရေး စခန်းသို့ သတင်း မီဒီယာများ သွားရောက်စဉ်(ဆင်ဟွာ)

မောင်တော ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တော ဒေသရှိ နေ့ရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး ဆောင်ရွက်ထားရှိမှု အခြေ အနေ များ အပေါ် ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများသည် ပြန်ကြားရေး ဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ဧပြီ ၂၃ ရက်မှ ၂၅ ရက်ထိ သွားရောက် သတင်း ရယူမှုများ ဆောင်ရွက်ခဲ့သည်။

မောင်တော ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထူးက နေရပ်စွန့်ခွာသူများ ပြန်လည် မဝင်ရောက် သေးသည့် အကြောင်းမှာ ၎င်းတို့၏ လိုလားချက်များ တောင်းဆိုပြီး စောင့်ကြည့်နေသည့် အတွက်ကြောင့် ဖြစ်သကဲ့ သို့အကြမ်းဖက်မှု ဖြစ်စဉ်တွင် နေရပ် စွန့်ခွာသူများ၏ ဆွေမျိုးသားချင်းများ ပါဝင်ခဲ့သဖြင့် တရားခံပြေး စာရင်းများ ကြေညာ ထားမှု အပေါ် စိုးရိမ်စိတ်များကြောင့် ဖြစ်နိုင်ကြောင်း ၊ အကြမ်းဖက် အဖွဲ့များ၏ ခြိမ်းခြောက် ထိန်းချုပ်မှုများလည်း ရှိကောင်းရှိနိုင်သည့် အတွက်ကြောင့်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေး ဆောင်ရွက် ထားရှိမှု နှင့် ပတ်သက်၍ ယခုနှစ် ဇန်နဝါရီ ၂၃ ရက်မှ စတင်၍ ပြန်လည် လက်ခံနိုင်ရေး အတွက် အားလုံး ပြင်ဆင်ထားပြီး ၊ အဆင်သင့် ရှိသည်ဟု မြင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မောင်တော ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထူးက သတင်း မီဒီယာများအား ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

မောင်တော ဒေသရှိ ငါးခူရ ပြန်လည် လက်ခံရေး စခန်း၌ ဆောင်ရွက် ထားမှု အခြေအနေများအား သတင်းမီဒီယာများသို့လိုက်လံ ပြသနေစဉ်(ဆင်ဟွာ)

မောင်တော ဒေသရှိ လှဖိုးခေါင် ကြားစခန်း၌ နေအိမ်များ ဆောက်လုပ်ထားမှုအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နမိတ်မျဉ်း အနီးသို့သတင်းမီဒီယာများ သတင်း ရယူခဲ့စဉ်(ဆင်ဟွာ)

ထို့အတူ ရခိုင်ပြည်နယ် မောင်တော ဒေသ နယ်မြေ လုံခြုံရေး ကိုလည်း အပြည့်အ၀ ဖြစ်နိုင်အောင် ဆောင်ရွက် နေပြီး အစိုးရပိုင်းမှ လုံခြုံရေး အပိုင်းအား စဉ်းစား သကဲ့သို့ပြန်လည် ဝင်ရောက် လာသူများ နေထိုင်မှု အတွက် မိုးရာသီတွင် အမိုးအကာ လုံခြုံမှု ရှိစေရန် ယာယီ အဆောက်အဦများ ဆောက်လုပ်ထား ရှိပြီး ဖြစ်ကြောင်း ၊ ပြန်လည် နေရာ ချထားရေး အတွက်လည်း စီစဉ် ဆောင်ရွက်ထားကြောင်း ရှင်းပြခဲ့သည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် ဝင်ရောက်လာပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနတို့မှ စိစစ်မှုများ ဆောင်ရွက်ပြီးနောက် NVC ကတ် ထုတ်ပေးနိုင်ရေး ဆက်လက် ဆောင်ရွက်မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ၊ ကျန်းမာရေး ဆေးစစ်ပေးမှုများ ၊ အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ပေးမှုများ ပြုလုပ် ပေးမည် ဖြစ်ကြောင်း ၊ ယင်းနောက်တွင် ပြန်လည် လက်ခံရေး စခန်းများ၌ တစ်ရက်ကြာ ထားရှိပြီးနောက် လှဖိုးခေါင် ကြားစခန်းသို့ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တော ဒေသ၌ နေရပ် စွန့်ခွာသူများ ပြန်လည် လက်ခံနိုင်ရေး အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်းလမ်းကြောင်းမှ ဝင်ရောက်လာသူများ အတွက် တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေး စခန်း၌ စတင် လက်ခံ ဆောင်ရွက် နေပြီ ဖြစ်ပြီး ရေလမ်းမှ ဝင်ရောက်လာသူများ အတွက် ငါးခူရ ပြန်လည် လက်ခံရေး စခန်း၌ စတင် လက်ခံ ဆောင်ရွက် နေပြီ ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများ အတွက် မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက် ဖြင့် တစ်ရက်လျှင် စခန်း တစ်ခု၌ လူဦးရေ ၁၅၀ အား လက်ခံ စိစစ် ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ နေရပ်စွန့်ခွာသူများ ပြန်လည် ဝင်ရောက် လာပါက စိစစ်မှုများ ဆောင်ရွက်ပြီးပါက ပို့ဆောင်ပေးမည့် လှဖိုးခေါင် ကြားစခန်း ဆောင်ရွက်ထားရှိမှုများ အပေါ် တာဝန်ခံ အင်ဂျင်နီယာ ဦးတင်စိုးက လူဦးရေ ၃ သောင်းအား လက်ခံနိုင်ရန် အိမ်အလုံးရေ ၆၂၅ လုံး တည်ဆောက်ရန် လျာထားပြီး လက်ရှိတွင် ၄၈၇ လုံး ပြီးစီး နေပြီ ဖြစ်ကြောင်း ၊ ပြန်လည် ဝင်ရောက် လာသူများအား လှဖိုးခေါင် ကြားစခန်းတွင် အလွန်ဆုံး ၆ လခန့်သာ ထားရှိပြီး ယင်းနောက်တွင် နေရပ်စွန့်ခွာသူများအား ၎င်းတို့၏ နေအိမ်များတွင် ပြန်လည် နေရာချထားပေးမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်း မီဒီယာများအား ပြောကြားခဲ့သည်။

ထို့အတူ မောင်တော ဒေသသို့ရောက်ရှိခဲ့သည့် ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများသည် မောင်တော ဒေသ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာ သွားခဲ့ကြသူများ အနက် တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေး စခန်းသို့ဧပြီ ၁၄ ရက်တွင် ပြန်လည် ဝင်ရောက်လာခဲ့သည့် မိသားစုဝင် ငါးဦး နှင့် မောင်တော ခရိုင် အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံ မေးမြန်းမှုများ ဆောင်ရွက်ခဲ့သည်။

မောင်တော ဒေသ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာစဉ် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများအား အစ္စလာမ် ဘာသာဝင် အဲဖ်တာအာလွမ်က ဧပြီ ၁၄ ရက်တွင် နှစ်နိုင်ငံ နယ်စပ်မျဉ်းမှ ပြန်လည် ဝင်ရောက် လာခဲ့ခြင်း ဖြစ်ကြောင်း ၊ နေရပ်စွန့်ခွာ သွားရောက်စဉ် နေထိုင်စားသောက်ရေး အခက်အခဲများ ရှိခဲ့သဖြင့် ပြန်လာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မောင်တော ဒေသသို့ရောက်ရှိခဲ့သည့် ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများသည် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေး ဆောင်ရွက်မည့် ငါးခူရ ပြန်လည် လက်ခံရေး စခန်း ၊ လှဖိုးခေါင် ကြားစခန်း နှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နမိတ်မျဉ်းသို့သွားရောက် သတင်း ရယူမှုများ ပြုလုပ်ခဲ့ပြီး တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေး စခန်းသို့ပြန်လည် ဝင်ရောက် လာခဲ့သည့် မိသားစုဝင် ၅ ဦး နှင့်လည်း တွေ့ဆုံ မေးမြန်းမှုများ ဆောင်ရွက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117