Connect with us

Politics, Law & Military

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး မေလ နောက်ဆုံး ရက်သတ္တပတ်တွင် ကျင်းပမည်ဟုဆို

ငြိမ်းချမ်းရေးကော်မရှင် နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ တို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပစဉ်(ဓာတ်ပုံ-Myanmar State Counsellor office)

ရန်ကုန် ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို လာမည့် မေလ နောက်ဆုံး ရက်သတ္တပတ်တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ယနေ့ ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ တွေ့ဆုံဆွေးနွေးပွဲအား ကယားပြည်နယ် ၊ လွိုင်ကော်မြို့၌ ကျင်းပ ခဲ့ရာတွင် ၎င်းက ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဖက်သဘောတူညီချက်များရရှိပြီး ပူးတွဲကြေညာချက်ထုတ်ပြန်နိုင်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ငြိမ်းချမ်းရေး ကော်မရှင် နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီ တို့၏ ပူးတွဲ ထုတ်ပြန် ကြေညာချက်တွင် ဆွေးနွေးရာတွင် KNPP အနေဖြင့် NCA တွင် အမြန်ဆုံး ပါဝင် လက်မှတ် ရေးထိုးနိုင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

ထို့အတူ NCA တွင် ပါဝင် မရေးထိုးနိုင်မီ ရေတိုကာလတွင် Local Monitoring Team & JMC ကိစ္စ ။ နှစ်ဘက် တပ်ဖွဲ့များ သွားလာမှု ၊ ဆက်သွယ်မှု ပြည်နယ် အဆင့်တွင် ညှိနှိုင်းရေး ကိစ္စ ၊ ပြည်နယ် နှင့် ပြည်ထောင်စု အဆင့်များတွင် ဆက်ဆံရေး တာဝန်ခံများ ပြန်လည် ထားရှိရေး ကိစ္စ နှင့် တပ်ပိုင်း ဆိုင်ရာ ကိစ္စ နှင့် ပတ်သက်၍ ဆွေးနွေးရာတွင် တိုးတက်မှုများ ရရှိခဲ့ပြီး နှစ်ဘက် ညှိနှိုင်း သဘော တူညီသည့် အတိုင်း ဆက်လက် ဆောင်ရွက်ရန် တို့အား သဘောတူခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117