Connect with us

Politics

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီလျက်ရှိဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဘက်အသီးသီး၏ ဆန္ဒနှင့် ရည်မှန်းချက်များအရ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တက်တက်ကြွကြွ ပံ့ပိုးကူညီလျက်ရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဧပြီ ၂၂ ရက်၌ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့ဖြစ်သော Myanmar National Democratic Alliance Army (MNDAA) သည် ရှမ်းပြည်နယ် လားရှိုးမြို့၏ မြို့ပေါ်နေရာများမှ ဧပြီ ၂၂ ရက် နံနက်အစောပိုင်းတွင် ဆုတ်ခွာသွားကာ ယင်းမြို့အား ထိန်းချုပ်မှုကို တပ်မတော်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးနောက် ကော၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုသို့ လားရှိုးမြို့အား ပြန်လည်လွှဲပြောင်းပေးမှုကို တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းပေးခဲ့သလို တရုတ်နိုင်ငံက အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ကိုလည်း လားရှိုးမြို့သို့ မကြာသေးမီက စေလွှတ်ခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
“တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ အစဉ်အလာအားဖြင့် ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပါတယ်” ဟု နေ့စဉ် သတင်းစာရှင်းလင်းပွဲ၌ ကောက ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တည်ငြိမ်အေးချမ်းမှုရှိအောင် ထိန်းသိမ်းခြင်းက နှစ်နိုင်ငံအတွက်သာမက နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားနှင့်လည်း ကိုက်ညီကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ပြည့်စုံမှုတို့ကို လေးစားကာ မြန်မာနိုင်ငံ သက်ဆိုင်ရာ ဘက်အသီးသီး၏ ဆန္ဒနှင့် ရည်မှန်းချက်များအရ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဖော်ဆောင်ရေးအတွက် ကြိုးပမ်းမှုများကို တက်တက်ကြွကြွ ပံ့ပိုးကူညီလျက်ရှိကြောင်း ကောက ပြောကြားခဲ့သည်။
ကူမင်းမြို့၌ မြန်မာနိုင်ငံအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ MNDAA တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ရရှိခဲ့သော ဘုံသဘောတူညီမှုများကို လက်တွေ့ဖော်ဆောင်ရေးအတွက် ၎င်းတို့၏ ပူးတွဲဖိတ်ကြားချက်အရ တရုတ်နိုင်ငံအနေဖြင့် တပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲမှုကို ကြီးကြပ်ရန် အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့အား လားရှိုးမြို့သို့ မကြာမီက စေလွှတ်ခဲ့ပြီး လားရှိုးမြို့၏ မြို့ပေါ်နေရာများအား ချောမွေ့စွာ လွှဲပြောင်းမှုကို အသိသက်သေပြုခဲ့သည်ဟု ကောက ဆိုသည်။
နှစ်ဖက်စလုံးကလည်း မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာ၌ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်မှုအတွက် တရုတ်နိုင်ငံအား ချီးကျူးကာ ကျေးဇူးတင်လျက်ရှိကြောင်း ကောက ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံအနေနဲ့ ကူမင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ် ရှေ့ဆက်ဖော်ဆောင်သွားမှာဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ခိုင်မာသေချာစေဖို့အတွက် ပဋိပက္ခ အဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အားပေးထောက်ကူရာမှာ တစ်တပ်တစ်အား ပါဝင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
…………………
(English Version)
China facilitates Myanmar’s effort to advance peace process in northern Myanmar: FM spokesperson
BEIJING, April 22 (Xinhua) — China actively facilitates Myanmar’s effort to advance the peace process in northern Myanmar in light of the will and aspirations of relevant parties in Myanmar, said Chinese foreign ministry spokesperson Guo Jiakun on Tuesday.
Guo’s remarks came after Myanmar’s ethnic armed group Myanmar National Democratic Alliance Army (MNDAA) withdrew from the urban areas of Lashio of the Shan State early Tuesday morning and handed control back to Tatmadaw. Sources say that the handover was brokered by China and China has sent a ceasefire monitoring group to Lashio recently.
“China and Myanmar are traditional friendly neighbors,” Guo told a daily news briefing, adding that to keep northern Myanmar peaceful and stable is in the interest of the two countries and peoples.
Guo said that China respects Myanmar’s sovereignty and territorial integrity, and actively facilitates Myanmar’s effort to advance the peace process in northern Myanmar in light of the will and aspirations of relevant parties in Myanmar.
To deliver on the common understandings reached at the peace talks in Kunming between the Myanmar government and ethnic armed organization MNDAA, at their joint invitation, China has recently sent a ceasefire monitoring group to Lashio to oversee the ceasefire between Tatmadaw and the MNDAA and witnessed the smooth handover of the urban areas of Lashio, Guo said.
Both parties commended and thanked China for its constructive role in maintaining peace and stability in northern Myanmar, noted Guo.
“China will continue pushing forward the Kunming peace talks process and doing its part in ending the conflict and promoting peace talks to ensure peace and stability along the China-Myanmar border together with the parties in Myanmar,” said the spokesperson. ■