Connect with us

Sport

တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ကျင်းပ

မြန်မာ့ရိုးရာ စစ်တုရင်ပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသူများအားတွေ့ရစဉ်(ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင် ပြိုင်ပွဲကို မေ ၂ရက်နေ့မှ ၉ ရက်နေ့ထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပလျက်ရှိကြောင်း အဆိုပါ ပြိုင်ပွဲမှ သိရသည်။

မြန်မာ့ရိုးရာ စစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် ၁၉ ဦး၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် ၂၃ ဦး၊ အသက် ၂ဝ နှစ်အောက် စစ်တုရင် ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင် ၂၃ ဦး၊ အပြည်ပြည်ဆိုင်ရာ အလွတ်တန်း စစ်တုရင် ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် ၂၇ ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117