Connect with us

Europe

ပြင်သစ်နိုင်ငံ Beauval တောရိုင်းတိရစ္ဆာန်ဥယျာဉ်တွင် တရုတ်နှာခေါင်းလန်မျောက်လေးများအား ပြသ

ပြင်သစ်နိုင်ငံ အလယ်ပိုင်း Saint-Aignan မြို့ရှိ Beauval တောရိုင်းတိရစ္ဆာန်ဥယျာဉ်တွင် နှာခေါင်းလန်မျောက်များကို မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Saint-Aignan ၊ ပြင်သစ်၊ မေ ၈ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ Beauval တောရိုင်းတိရစ္ဆာန်ဥယျာဉ်တွင် တရုတ်နိုင်ငံမှ နှာခေါင်းလန်မျောက်လေး သုံးကောင်ကို မေ ၇ ရက်က တရားဝင်စတင်ပြသခဲ့ပြီး ထိုတိရစ္ဆာန်ဥယျာဉ်က နှာခေါင်းလန်မျောက်လေးများအတွက် နာမည်ပေး ကင်ပွန်းတပ်အခမ်းအနားလည်း ကျင်းပခဲ့သည်။

ရှန်ဟိုင်းတောရိုင်းတိရစ္ဆာန်ဥယျာဉ်မှလာသော အဆိုပါမျောက်ကလေး သုံးကောင်သည် အထီးတစ်ကောင် အမ နှစ်ကောင်ဖြစ်ပြီး ဧပြီလဆန်းပိုင်းတွင် ပြင်သစ်နိုင်ငံသို့ ရောက်ရှိခဲ့သည်။ တစ်လကြာ ရောဂါကင်းရှင်းကြောင်း စစ်ဆေးမှုနှင့် သီးခြားနေထိုင်မှု လုပ်ဆောင်ပြီးနောက် ၎င်းတို့ကို မေ ၇ ရက်တွင် အများပြည်သူနှင့် တရားဝင် စတင်မိတ်ဆက်ခဲ့သည်။ ၎င်းတိရစ္ဆာန်ဥယျာဉ်သည် တရုတ်နိုင်ငံ တောရိုင်းတိရစ္ဆာန် ကာကွယ်ထိန်းသိမ်းရေးအသင်း (CWCA) နှင့် ချုပ်ဆိုထားသည့် သဘောတူညီချက်အရ နှစ်ဖက်သည် နှာခေါင်းလန်မျောက် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ၁၀ နှစ်ကြာ လုပ်ဆောင်သွားမည်ဖြစ်သည်။
မေ ၇ ရက်က ကျင်းပသည့် နာမည်ပေးကင်ပွန်းတပ် အခမ်းအနားတွင် Beauval တောရိုင်းတိရစ္ဆာန်ဥယျာဉ် ဒါရိုက်တာ Rodolphe Delord က အများပြည်သူက အွန်လိုင်းတွင်မဲပေးခြင်းဖြင့် အဆိုပါ နှာခေါင်းလန်မျောက်လေး သုံးကောင်အတွက် ရွေးချယ်ထားသော ကျင်းတို့ (ရွှေစေ့)” ၊ “ကျင်းပေါင် (ရွှေရတနာ)” ၊ “ကျင်းဟွား (ရွှေပန်း)” ဟူသည့်နာမည်အသစ်များကို မိတ်ဆက်ပေးခဲ့သည်။

ပန်ဒါဝက်ဝံကြီးများပြီးနောက် နှာခေါင်းလန်မျောက်များရောက်ရှိလာခြင်းသည် ပြင်သစ်-တရုတ် တိရစ္ဆာန် ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်းဖြစ်ကြောင်း၊ နှာခေါင်းလန်မျောက်လေးများ အမြန်ဆုံးမွေးဖွားလာပြီး ၎င်းတို့ကို တရုတ်နိုင်ငံ၏ သဘာဝနားခိုရာနေရာသို့ ပြန်လည်ပို့ဆောင်ပေးရန် မျှော်လင့်ကြောင်း Rodolphe Delord က ပြောကြားခဲ့သည်။

Beauval တောရိုင်းတိရစ္ဆာန်ဥယျာဉ်သည် ပြင်သစ်နိုင်ငံ အလယ်ပိုင်း Saint-Aignan မြို့တွင် တည်ရှိသည်။ ၂၀၁၂ ခုနှစ်တွင် ချိန်တူး ပန်ဒါဝက်ဝံကြီးများ မျိုးပွားမွေးမြူရေး သုတေသနအခြေစိုက်စခန်းမှ “ဟွမ်းဟွမ်း” နှင့် “ယွမ်ကြိုင်” တို့သည် အဆိုပါတိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပန်ဒါဝက်ဝံအထီးလေး “ယွမ်မုန့်” ကို မွေးဖွားခဲ့ကာ ၂၀၂၁ ခုနှစ်တွင် အမြွှာပူးပန်ဒါဝက်ဝံလေး “ဟွမ်းလီလီ” နှင့် “ယွမ်တူးတူး” တို့ကို မွေးဖွားပေးခဲ့သည်။ ပန်ဒါဝက်ဝံလေး “ယွမ်မုန့်” မှာမူ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ပြန်ရောက်သွားပြီဖြစ်သည်။ (Xinhua)

ပြင်သစ်နိုင်ငံ အလယ်ပိုင်း Saint-Aignan မြို့ရှိ Beauval တောရိုင်းတိရစ္ဆာန်ဥယျာဉ်တွင် နှာခေါင်းလန်မျောက်များကို မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ အလယ်ပိုင်း Saint-Aignan မြို့ရှိ Beauval တောရိုင်းတိရစ္ဆာန်ဥယျာဉ်တွင် အစာကျွေးသူက နှာခေါင်းလန်မျောက်အား အစာကျွေးနေသည်ကို မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————————————————————————–
(Chinese Version)
中国金丝猴亮相法国博瓦勒野生动物园
新华社法国圣艾尼昂5月8日电(记者王松宇 孙鑫晶)来自中国的三只金丝猴7日正式亮相法国博瓦勒野生动物园,该园还为这批金丝猴举行了命名仪式。
这三只来自上海野生动物园的金丝猴为一雄两雌,于4月初抵达法国,在完成一个月的检疫隔离后于7日与公众正式见面。根据园方与中国野生动物保护协会签署的协议,双方将开展为期10年的金丝猴保护合作。
在7日的命名仪式上,博瓦勒野生动物园园长鲁道夫·德洛尔揭晓了公众通过网络投票形式为三只金丝猴选出的新名字:“金豆”“金宝”和“金花”。德洛尔表示,继大熊猫之后,金丝猴的到来进一步加强了法中动物保护合作,希望能尽快见到小金丝猴的诞生并送它们回到中国的自然栖息地。
博瓦勒野生动物园位于法国中部小城圣艾尼昂,2012年,成都大熊猫繁育研究基地的“欢欢”和“圆仔”来到该园,并于2017年诞下雄性幼崽“圆梦”、2021年诞下双胞胎幼崽“欢黎黎”和“圆嘟嘟”,“圆梦”已于2023年回到中国。(完)
图说1、2:这是5月7日在位于法国中部小城圣艾尼昂的博瓦勒野生动物园拍摄的金丝猴。新华社记者 孙鑫晶 摄
图说4:5月7日,在位于法国中部小城圣艾尼昂的博瓦勒野生动物园,饲养员给金丝猴喂食。新华社记者 孙鑫晶 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.