Connect with us

Local

ရေနံထွက်ပစ္စည်း သိုလှောင်ခွင့် လိုင်စင်များအား နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ သက်တမ်း တိုးမြှင့် လျှောက်ထားနိုင်

ရန်ကုန်မြို့ရှိ လောင်စာဆီ ဖြည့်တင်းပေးသည့် ဆိုင် တစ်ဆိုင်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

ရေနံထွက် ပစ္စည်း သိုလှောင်ခွင့် လိုင်စင်များအား နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ သက်တမ်း တိုးမြှင့် လျှောက်ထား နိုင်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန သတ္တုတွင်း ဦးစီးဌာန စစ်ဆေးရေး ဌာနခွဲ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ရေနံထွက် ပစ္စည်း သိုလှောင်ခွင့် လိုင်စင်များ သက်တမ်း တိုးမြှင့်မှုကို နိုဝင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အတွင်း လျှောက်ထားရမည် ဖြစ်သည်။ လိုင်စင် လျှောက်ထားရန် ပျက်ကွက်သည့် လိုင်စင်များ အား ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ ရက်လွန်ဒဏ်ကြေး အဖြစ် သိုလှောင်ခွင့် လိုင်စင်ကြေး၏ ၂ ရာခိုင်နှုန်းအား ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ရေနံထွက် ပစ္စည်း သိုလှောင်ခွင့် လိုင်စင်များသည် ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သောကြောင့် ရေနံ နည်းဥပဒေ (၁၁၉) အရ သက်တမ်း တိုးမြှင့် လျှောက်ထားရန် လိုအပ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန သတ္တုတွင်း ဦးစီးဌာန စစ်ဆေးရေး ဌာနခွဲ၏ သတင်း ထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117