Connect with us

Local

ကျောက်မျက်ရတနာ နယ်မြေများတွင် သက်တမ်း ကုန်ဆုံးမည့် လုပ်ကွက်များ နှင့် လစ်လပ် လုပ်ကွက်များအား ဈေးပြိုင်စနစ်ဖြင့် ခွင့်ပြုမိန့်များ ထုတ်ပေးမည်

နေပြည်တော်တွင် ကျင်းပခဲ့သော ၅၂ ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲ (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ကျောက်မျက်ရတနာ နယ်မြေများတွင် နိုင်ငံသား ပုဂ္ဂလိက၊ ကုမ္ပဏီ၊ သမဝါယမ အသင်းများက ကျောက်မျက် တူးဖော်နေသည့် ကျောက်မျက် လုပ်ကွက်များ မှ ၂၀၁၆ ဇန်နဝါရီ မှ မတ်လအတွင်း သက်တမ်း ကုန်ဆုံးမည့် လုပ်ကွက်များ နှင့် လစ်လပ် လုပ်ကွက်များအား ဈေးပြိုင် စနစ်ဖြင့် ခွင့်ပြုမိန့်များ ထုတ်ပေး ဆောင်ရွက်မည် ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန က သတင်းထုတ် ပြန်သည်။

လုပ်ကွက်များ အတွက် အဆိုပြု လျှောက်ထားသော ကုမ္ပဏီသည် အဆိုပြုလွှာနှင့် အတူ ငွေရေးကြေးရေး ခိုင်မာမှုရှိကြောင်း ဘဏ်တစ်ခုခုမှ (Bank Statement) လိုပါ ပူးတွဲ လျှောက်ထားရမည် ဖြစ်ပြီး၊ လုပ်ငန်း မှတ်ပုံတင်ခြင်း၊ အဆိုပြုလွှာ ထုတ်ယူခြင်း နှင့် အဆိုပြုလွှာ ပြန်လည် တင်သွင်းခြင်းများအား ကျောက်မျက် ရတနာ ရောင်းဝယ်ရေး ရုံးချုပ် နှင့်ဆက်သွယ်၍ ဆောင်ရွက်ရမည် ဖြစ်သည်။

ကျောက်မျက် ရတနာ လုပ်ကွက်များအတွက် ဈေးပြိုင် စနစ်ဖြင့် ချိတ်ပိတ် အဆိုပြုလွှာ တင်သွင်းရာတွင် အဆိုပြုလွှာ တစ်စောင် (လုပ်ကွက်တစ်ကွက်) အတွက် အာမခံစပေါ်ငွေ ကျပ် ၁၀ သိန်းကို မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းသို့ ပေးသွင်းရမည် ဖြစ်သည်။

အဆိုပြုလွှာ လျှောက်ထားသော ကျောက်မျက် ရတနာ လုပ်ကွက်များအတွက် ကြမ်းခင်းဈေးမှာ လုပ်ကွက် တစ်ကွက်လျှင် ကျပ် ၁၀ သိန်း သတ်မှတ်ထားပြီး၊ အမည်ပျက် စာရင်း တင်သွင်းခံရသည့် ပုဂ္ဂိုလ်များ နှင့် ကုမ္ပဏီများအား အဆိုပြုလွှာ လျှောက်ထားခွင့် မပြုကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။

လုပ်ကွက်စာရင်း နှင့်မြေပုံများအား မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း (ရုံးချုပ်) နေပြည်တော် တွင်လည်ကောင်း၊ သက်ဆိုင်ရာ ရတနာမြေ အလိုက် ကြေညာခေါ်ယူမည့် လုပ်ကွက်များစာရင်း နှင့် မြေပုံများအား မိုးကုတ်မြို့၊ မိုင်းရှုးမြို့များတွင် ရှိသည့် ကျောက်မျက် တူးဖေါ်ရေးဌာန များ နှင့် ဖားကန့်မြို့၊ မိုးညှင်းမြို့၊ ခန္တီးမြို့များတွင်ရှိသည့် ကျောက်စိမ်း တူးဖော်ရေး စခန်းများတွင် လည်းကောင်း ကြော်ငြာများ ကပ်ထားပေးပြီး ၊ အသေးစိတ် သိလိုသူများ အတွက် အဆိုပါဌာနများတွင် သွားရောက်ဆက်သွယ် ကြည့်ရှုနိုင်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117