Connect with us

Science & Technology

တရုတ် ကုမ္ပဏီမှ ဗြိတိန်တွင် ဇီဝလောင်စာ စက်ရုံများ တည်ဆောက်ရန် အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမည်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်း ပြည်နယ်၏ ပထမဆုံး ဇီဝလောင်စာသုံး ဓါတ်အားပေး စက်ရုံအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ် ကုမ္ပဏီတစ်ခုက လျှပ်စစ် ဓာတ်အား ၂၉၉ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်သည့် ဇီဝလောင်စာသုံး ဓါတ်အားပေး စက်ရုံ အား ဗြိတိန်ရှိ နေရာ နှစ်ခုတွင် တည်ဆောက်ရန် အတွက် ပေါင်စတာလင်၂ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၃.၁ ဘီလီယံခန့် ) ရင်းနှီးမြှုပ်နှံ သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက် က ပြောခဲ့သည်။

ဆိုင်နို ဖော်တုန်း အုပ်စု တရုတ် တိုးတက်ဖွံ့ဖြိုးရေး ပုဂ္ဂလိက ကုမ္ပဏီမှ အောက်တိုဘာ ၂၁ ရက် တွင် ဗြိတိန် စီးပွားရေး လုပ်ငန်း Orthios Eco Parks Limited (Orthios) နှင့် ဇီဝ လောင်စာသုံး ဓါတ်အားပေး စက်ရုံ နှစ်ရုံတည်ဆောက်ရေး ဆိုင်ရာ စာချုပ် ရေးထိုးခဲ့ကြောင်း သိရသည်။

ဇီဝ လောင်စာသုံး ပင်မ နည်းပညာရပ်များကို အချိန် ကြာမြင့်စွာ အခြေခိုင်ပြီးမှ အတည်ပြုခဲ့ကြောင်း အင်ပရီရယ် ကောလိပ် ဇီဝ အင်ဂျင်နီယာ ဋ္ဌာနမှ ဧည့်ပါမောက္ခ ဒေါက်တာ လိုင်းရွန်နယ် ကလာ့ခ် မှ ပြောကြားခဲ့သည်။

လျှပ်စစ် ဓာတ်အား ၂၉၉ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အပူ နှင့် စွမ်းအင် ပေါင်းစပ် ဓါတ်အားပေး စက်ရုံသည် ပြည်ပမှ တင်သွင်းမည့် စွန့်ပစ် အပင် အစိတ်အပိုင်းများကို အသုံးပြု၍ လျှပ်စစ် ဓါတ်အား ထုတ်လွှတ်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဓါတ်အားပေး စက်ရုံမှ လျှပ်စစ် ဓါတ်အားများကို နေအိမ်များတွင် အသုံးပြုမည် ဖြစ်ပြီး စက်ရုံမှ ပိုလျှံလာသော အပူစွမ်းအင်များကို အိမ်တွင်း ပင်လယ် သတ္တဝါ မွေးမြူရေး နှင့် ဟိုက်ဒရိုဖိုးနစ် နည်းပညာသုံး ကောက်ပဲ သီးနှံများ စိုက်ပျိုးရေး အတွက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117