Connect with us

Europe

ယူကရိန်းနှင့် စေ့စပ်ညှိနှိုင်းမည့် ရုရှားကိုယ်စားလှယ်အဖွဲ့ နာမည်စာရင်းကို ပူတင် အတည်ပြု

ရုရှားစစ်ဦးစီးချုပ် Gerasimov ၏ အစီရင်ခံစာကို နားထောင်နေသော ရုရှားသမ္မတ ပူတင်အား ကရင်မလင်နန်းတော်ဝက်ဘ်ဆိုက်တွင် ၂၀၂၅ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၁၅ ရက် (ဆင်ဟွာ)
ရုရှားသမ္မတ ပူတင်က ယူကရိန်း နှင့် စေ့စပ်ညှိနှိုင်းမည့် ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်များ ဖွဲ့စည်းရန် အမိန့်ကို မေ ၁၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ရုရှား သမ္မတ လက်ထောက် Medinsky က ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်ဝက်ဘ်ဆိုက်က အဆိုပါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့ဝင်များတွင် ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Mikhail Galuzin ၊ ရုရှားတပ်မတော် စစ်ဦးစီးချုပ် Kostyukov နှင့် ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး Fomin တို့ ပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် ပူတင်က ယူကရိန်းနှင့်စေ့စပ်ညှိနှိုင်းမည့် ရုရှားပညာရှင်နာမည်စာရင်းကိုလည်း အတည်ပြုခဲ့ကြောင်း၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ CIS ဌာန ညွှန်ကြားရေးမှူး Polishchuk ၊ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတကာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ညွှန်ကြားရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး Shevtsov စသည့် လူပုဂ္ဂိုလ် ၄ ဦး ပါဝင်ကြောင်း သိရသည်။

ရုရှား-ယူကရိန်း နှစ်နိုင်ငံသည် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ခြွင်းချက်မရှိ တိုက်ရိုက် စေ့စပ်ညှိနှိုင်းမှုကို ပြန်လည်စတင်ရန် အဆိုပြုကြောင်း ပူတင်က မေ ၁၁ ရက် နံနက်အစောပိုင်း၌ မီဒီယာများထံ ထုတ်ပြန်ကြေညာခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုကာလအတွင်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အကြံပြုချက်အသစ်အချို့အား သဘောတူညီမှုရရှိနိုင်ကြောင်း ပူတင်က ဖြည့်စွက်ပြောကြားခဲ့သည်။ ယင်းနှင့် ပတ်သက်၍ ဇယ်လန်းစကီးက ယူကရိန်းဘက်က မေ ၁၂ ရက်မှစ၍ ဘက်စုံ၊ ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် မျှော်လင့်ကြောင်း၊ ယင်းက သံတမန်လှုပ်ရှားမှုအတွက် လိုအပ်သော အခြေခံကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ၎င်းသည် မေ ၁၅ ရက်၌ တူကီယဲတွင် ပူတင်ကို “စောင့်ဆိုင်း” နေမည်ဖြစ်ကြောင်း မေ ၁၁ ရက် ညပိုင်းတွင် ဆိုရှယ်မီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ (Xinhua)
……………………………….
(Chinese Version)
普京批准俄方与乌克兰谈判代表团人员名单
新华社莫斯科5月14日电(记者江宥林)俄罗斯克里姆林宫网站14日发布消息说,俄总统普京当天签署了关于俄方与乌克兰谈判代表团人员组成的命令,俄总统助理梅金斯基担任代表团团长。
消息说,代表团成员还包括俄副外长加卢津、俄武装力量总参谋部总局局长科斯秋科夫、俄国防部副部长福明。
此外,普京还批准了俄方与乌方谈判的专家名单,包括俄外交部独联体事务二司司长波利修克、俄国防部国际军事合作总局副局长舍夫佐夫等4人。
普京11日凌晨对媒体发表声明,提议俄乌双方15日在土耳其伊斯坦布尔无条件重启直接谈判。普京还说,谈判期间可能就一些新的停火建议达成一致。对此,乌克兰总统泽连斯基11日晚在社交媒体发文说,乌方期待12日开始实施全面和持久停火,这将为外交活动提供必要基础。他15日将在土耳其“等候”普京。(完)
图说:这张克里姆林宫网站4月26日发布的照片显示,俄罗斯总统普京听取俄武装力量总参谋长格拉西莫夫的汇报。新华社发(克里姆林宫网站供图)