Connect with us

Africa & Middle East

ပါလက်စတိုင်းအရေးက အာရပ်အဖွဲ့ချုပ်ထိပ်သီးအစည်းအဝေး၏ အဓိကဆွေးနွေးမှုအကြောင်းအရာ ဖြစ်ဆဲဟု အီရတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်၌ ပါလက်စတိုင်း ထောက်ခံအားပေးသည့် ဆန္ဒပြမှုတွင် ပါဝင်သူများအား ၂၀၂၅ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ မေ ၁၆ ရက် (ဆင်ဟွာ)
ပါလက်စတိုင်းအရေးသည် မကြာမီကျင်းပတော့မည် ၃၄ ကြိမ်မြောက် အာရပ်အဖွဲ့ချုပ် ထိပ်သီးကောင်စီ အစည်းအဝေး (အာရပ်အဖွဲ့ချုပ် ထိပ်သီးအစည်းအဝေး) ၏ အဓိက ဆွေးနွေးမှုအကြောင်းအရာ ဖြစ်နေဆဲပင် ဖြစ်ကြောင်း အီရတ်နိုင်ငံခြားရေးဝန်ကြီး Fuad Hussein က မေ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

၃၄ ကြိမ်မြောက် အာရပ်အဖွဲ့ချုပ် ထိပ်သီးအစည်းအဝေးကို မေ ၁၇ ရက်တွင် အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်၌ ကျင်းပမည် ဖြစ်သည်။ ယခုအကြိမ် အာရပ်အဖွဲ့ချုပ် ထိပ်သီးအစည်းအဝေးသည် အာရပ်နိုင်ငံများ၏ အရေးကြီး သမိုင်းအခိုက်အတန့်နှင့် ကြုံတွေ့လျက်ရှိရာ လက်ရှိအခြေအနေက အာရပ်နိုင်ငံများကို ပို၍စည်းလုံးညီညွတ်ပြီး ရပ်တည်ချက် တသမတ်တည်းဖြင့် ဘုံစိန်ခေါ်မှုများကို ရင်ဆိုင်ရန်အတွက် တောင်းဆိုလျက်ရှိကြောင်း Fuad Hussein က မေ ၁၅ ရက်တွင် ကျင်းပသည့် အာရပ်အဖွဲ့ချုပ် ထိပ်သီးအစည်းအဝေးအတွက် ဝန်ကြီးအဆင့် ကြိုတင်ပြင်ဆင်မှုဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်ဟု အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

အီရတ်နိုင်ငံအနေဖြင့် ပါလက်စတိုင်းပြည်သူများ၏ ၎င်းတို့နယ်မြေ လွတ်မြောက်ရေး၊ ဂျေရုဆလမ်ကို မြို့တော်အဖြစ်ထားရှိသော သီးခြားလွတ်လပ်သောနိုင်ငံတည်ဆောက်ရန် တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို အခိုင်အမာထောက်ခံကြောင်း၊ လူသားချင်းစာနာမှုအကူအညီများ ပါလက်စတိုင်းဒေသသို့ မုချမသွေဝင်ခွင့်ပြုရန်နှင့် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့များ၏လုပ်ငန်းများ ပြန်လည်စတင်ရန် ထပ်မံပြောကြားလိုကြောင်း Fuad Hussein က အလေးထားပြောကြားခဲ့သည်။

Fuad Hussein သည် ဆီးရီးယား၊ ဆူဒန်၊ ယီမင်နှင့် ဆိုမာလီယာ အခြေအနေများအပေါ်လည်း သဘောထားအမြင် ပြောကြားခဲ့ကြောင်း၊ အာရပ်နိုင်ငံများအကြား ကွဲလွဲမှုများအား ရင်ကြားစေ့ရေး၊ အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရေးကို တွန်းအားပေးရန် အာရပ်နိုင်ငံများ အဆင့်မြင့် ဝန်ကြီးအဆင့် ကော်မတီတစ်ခု တည်ထောင်ရန် အကြံပြုခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ တွေ့ဆုံဆွေးနွေးခြင်းသည် ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းသည့် အကောင်းဆုံးနည်းလမ်း ဖြစ်သည်ဟု ၎င်းက အလေးထားပြောကြားခဲ့သည်။ (Xinhua)

————————-
(Chinese Version)
伊拉克外长:巴勒斯坦问题仍将是阿盟峰会核心议题
新华社巴格达5月15日电(记者李军 段敏夫)伊拉克外交部长侯赛因15日表示,巴勒斯坦问题仍将是即将举行的第34届阿拉伯国家联盟首脑理事会会议(阿盟峰会)的核心议题。
第34届阿盟峰会将于17日在伊拉克首都巴格达举行。据伊拉克外交部15日发表的声明,侯赛因当天在巴格达举行的阿盟峰会部长级筹备会上说,本届阿盟峰会正值阿拉伯国家历史关键时刻,当前形势要求阿拉伯国家加强团结、统一立场,以应对共同挑战。
侯赛因强调,伊拉克重申坚定支持巴勒斯坦人民解放其土地、建立以耶路撒冷为首都的独立国家的正当权利;必须允许人道主义援助进入巴勒斯坦地区,并重启国际救援组织的工作。
声明说,侯赛因还就叙利亚、苏丹、也门和索马里局势发表看法,并建议成立一个阿拉伯高级别部长级委员会,以推动阿拉伯国家之间弥合分歧、增进互信。他强调,对话是维护地区安全与稳定的最佳途径。(完)
1. 4月11日,人们在伊拉克首都巴格达参加声援巴勒斯坦的游行。新华社发(哈利勒·达伍德摄)